2.

315 25 3
                                    

Unicode

စိတ်ထွေပြားစွာနဲ့ ရပ်နေမိတဲ့သူ့ဆီ ရှောင်းကျန့်ကလှမ်းလာတယ် ။ ဝမ်ရိပေါ်က နဂိုကတော့မလှုပ်မယှက်နဲ့ ဖြစ်နေခဲ့ပေမယ့် ရှောင်းကျန့်သူ့နားရောက်လာဖို့နီးလာတာနဲ့အမျှ ပုံမှန်အသိဝင်ရောက်လာတယ် ။ ဝမ်ရိပေါ်က နောက်ပြန်လှည့်၍ လှေကားပေါ်ပြန်တက်သွားလိုက်တယ် ။ သူရှောင်းကျန့်နဲ့မျက်နှာချင်းမဆိုင်ချင်ပါ ။ တစ်ယောက်နဲ့တစ်ယောက်ကျောခိုင်းကြဖို့ဖြစ်လာတုန်းကတော့ သူစဥ်းစားကြည့်ခဲ့တာက တစ်နေ့နေ့မှာရှောင်းကျန့်နဲ့နောက်တစ်ခါထပ်တွေ့ရရင်တောင် ဘာမှမဖြစ်ခဲ့သလို အပြုံးလေးနဲ့ရင်ဆိုင်နိုင်လိမ့်မယ်လို့ပေါ့ ။ တကယ်တမ်းကျတော့ လုံးဝတခြားစီဖြစ်နေခဲ့တယ် ။ ပြီးခဲ့တဲ့​​လေးနှစ်တာလုံးမှာ သေလောက်အောင်မေ့ပစ်ချင်ခဲ့တဲ့ အဲ့ဒီအမျိုးသားနဲ့ ယခုမှာ​တော့မျက်ချင်းဆိုင်ဖို့ကိုတောင်အလွန်ခက်ခဲနေပါတယ် ။

ဝမ်ရိ​ပေါ်တစ်ယောက်ဟာခုတင်ပေါ်မှာ အသေကောင်ကြီးလိုမလှုပ်မယှက်နဲ့ လိပ်ပြာလွှင့်နေသလိုမျိုး ။ပြီးတော့ ရင်ဘက်ထဲကလည်း တဆစ်ဆစ်နဲ့ဖြစ်တယ် ။ ဘာကြောင့်များ အဲ့ဒီလူကသူ့မျက်စိရှေ့ထပ်ရောက်လာပြန်တာလဲ ။ သူ့ဦးလေးငယ်အိမ်ရဲ့  ပိုင်ရှင်အသစ်က ဘာလို့ရှောင်းကျန့်လဲ...။
ဦးနောက်ထဲမှာ မေးခွန်းတွေနဲ့ပြည့်နှက်နေပြီး အတွေးတိုင်းက သူ့နှလုံးသားကိုထိုးနှက်တယ် ။

" ဒေါက် ဒေါက်.. သားရေ ဘာဖြစ်လို့ သားကျန့်ကိုမနှုတ်ဆက်ပဲ အပေါ်ပြန်တက်လာတာလဲ တစ်ခုခုဖြစ်လို့လား "

တံခါးခေါက်သံနှစ်ချက်အပြီးမှာ ယွီလီဟွားရဲ့ စိုးရိမ်သံစွက်နေတဲ့အသံက ထွက်ပေါ်လာခဲ့တယ် ။ ဝမ်ရိပေါ်ဟာ အသေကောင်ကြီးလိုဖြစ်နေတုန်းပဲ ။ ဒါပေမဲ့ဦးနောက်ထဲမှာတော့ သူ့အမေကိုဘာဆင်ခြေပေးလိုက်ရမလဲ အသည်းအသန်စဥ်းစားနေရတယ် ။ သူ့အမေဟာ အရင်ကိစ္စတွေကိုမသိခဲ့တာကြောင့် အခုချိန်မှာသူဘာဖြစ်နေတယ်ဆိုတာကိုလည်း သိလိမ့်မှာမဟုတ်ဘူး ။

" ရိပေါ် မားပြောနေတာကြားရဲ့လား "

ဝမ်ရိပေါ်က လေးတွဲစွာဖြင့်ထလိုက်တယ် ။ ဗိုက်နာချင်ယောင်ဆောင်လိုက်မယ်ဆိုတဲ့အတွေးကြောင့် လက်ဟာဗိုက်ကို ကိုင်ထားဖို့မမေ့ခဲ့ ။ တံခါးဖွင့်လိုက်တော့တကယ်ကိုသူ့အမေရဲ့မျက်နှာဟာ စိတ်ပူနေတဲ့အရိပ်အယောင်တွေရှိနေပါတယ် ။

GUESTWhere stories live. Discover now