ခိုနားရာ

7.3K 147 13
                                    

BL
Punishment
Spanking

(Scroll Down For Zawgyi )

"အစ်ကို ကျွန်တော်အပြင်သွားဦးမယ်ဗျ"

"ဘယ်လဲ"

ကျောင်းသား‌ တွေ၏ စာအုပ်ကိုစစ်နေရင်း အစ်ကိုကမေးလာသည့်အခါ မိုးစက်မောင်ဘာ‌ပြန်ဖြေရမလဲမသိပါ။ အမှန်တော့ ဒီနေ့ဟိုကောင်တွေနဲ့ဘောလုံးကွင်းမှာမကျေပွဲနွှဲဖို့ချိန်းထားသည်။ သို့သော် ထိုသို့အမှန်အတိုင်းဖြေလိုက်လျှင် သူအစ်ကိုနှင့်အရင် ပွဲဆင်နွှဲရပါလိမ့်မည်။ ထို့ကြောင့်ခေါင်းတစ်ချက်ကုတ်ကာ အဖြေပြန်ပေးရသည်။

"မင်းညီတို့နဲ့ ဘောလုံးကန်မလို့ပါဗျ"

"အင်း မမှောင်ခင်ပြန်ခဲ့"

အစ်ကိုကစာစစ်နေရင်းကပင် ပြောလာသည်။ အစ်ကို့အသံသည်ဘယ်အချိန်ဖြစ်ဖြစ်ကြည်လင်ကာ ဩဇာရှိသည်။

"ဟုတ်အစ်ကို"

မိုးစက်လည်း ဟုတ်ကဲ့သာဆိုကာထွက်လာခဲ့သည်။ လက်မှနာရီကိုကြည့်မိတော့ ၃ နာရီခွဲရင် ၁၀ မိနစ်အလို။ အိမ်နှင့်ဘောလုံးကွင်းနှင့်မဝေးလို့တော်သေးသည်။ မဟုတ်လို့ ၃ နာရီခွဲကိုမရောက်လျှင်ဟိုဘက်ကကောင် တွေကကြောက်လို့ဟုဆိုကာ လှောင်ကြဦးမည်။

မိုးစက်ရောက်တော့ သူနှင့်ချိန်းထားသည့်သုံးယောက်အပြင် တခြားအကြီး သုံးလေးယောက်ကိုပါဘေးမှာ တွေ့ရသည်။ သူ့ဘက်ကပါမည့်ကောင်တွေကလည်း လူညစ်လာသည့်အတွက်အတော်မကျေမချမ်းဖြစ်နေပုံပင်။

"ဟေ့ကောင်တွေမင်းတို့ လူပိုဘာလို့ခေါ်တာလဲကွ။ ပြဿနာရှင်းမယ်လို့ပြောထားတာ သုံးယောက်ထဲလေ။ ယောက်ျားမဟုတ်ဘူးလားကွဟမ်"

မိုးစက်ဘက်ကမင်းခန်းကဝင်ပြောသည်။ မင်းညီကလည်း မျက်နှာကဒေါသကြောင့်နီရဲနေတာကို မိုးစက်တွေ့ရ၏။

"ငါတို့ဘာသာငါတို့ခေါ်တာမင်းတို့ဇရှိရင်ချလေကွ။ ဘာကြောက်နေတာလဲ"

တစ်ဘက်ကကောင်က ရူးပေါပေါစကားတွေပြောလာသည့်အခါ မိုးစက်တို့သုံးယောက်ဒေါသထွက်ကာ ဘာမှမမြင်ပဲဝင်လုံးတော့သည်။
ဟိုဘက်ဒီဘက်ကန်ကျောက်ကာရန်ဖြစ်ရသည်မှာ နှစ်ဖက်လုံးအကွဲကွဲအပြဲပြဲနှင့်။ ဟိုဘက်ကလူအားတောင့်သည့်အတွက် မိုးစက်တို့ကပိုခံနေရသည့်အခြေအနေ။

Punishment OneShotsWhere stories live. Discover now