မဖတ်ခင် ၁၅ မိနစ်လောက် အရင် click ကြပါဦး။
*
လေ့ကျင့်သည့်ကြိုးဝိုင်းအတွင်းရှိ စားပွဲခုံပေါ်တင်ထားသည့် ဖုန်းမှ စာဝင်လာသည့် Notificationအသံကြားရသည့်အခါ Eden လက်ဝှေ့အိတ်ကိုချွတ်ကာ ဖုန်းဆီသို့သွားမိသည်။
"Come home IMMEDIATELY"
*Jameson (My Love)*ဟု မှတ်ထားသည့် Contact မှစာကိုမြင်သည့်အခါ Eden ဖုန်းကိုပြန်ပိတ်လိုက်သည်။ ဂုတ်အထိရှည်ကျနေသည့် ခပ်ရှည်ရှည်ဆံပင်တွေကို စိတ်ရှုပ်ဟန်
အပြည့်နှင့် ဆွဲဖွလိုက်ပြီး လက်ဝှေ့အိတ်ကိုပြန်ဝတ်ကာ သဲအိတ်ကိုသာ သည်းကြီးမည်းကြီးထိုးနေမိသည်။ မှောင်မည်းနေသည့် လေ့ကျင့်ရေး အခန်းအတွင်း ဆောင်းရာသီဖြစ်နေလည်း ပူအိုက်အိုက်နှင့်။*
"Eden လက်ဝှေ့ထိုးလေ့ကျင့်နေတာပါ Boss"
စီးကရတ်ကို ပါးစပ်မှကိုက်ခဲကာ အရက်ခွက်ကိုခုံပေါ်တင်ထားရင်း ခြေချိတ်ထိုင်ထားသည့် Jameson သည် CCTV ကိုသာကြည့်နေသည်။ CCTV မှဘာလုပ်နေသည်ကိုမြင်ရသည့်တိုင် Levi အားပြန်လည်ကာဘာလုပ်နေသလဲ တင်ပြခိုင်းသေးသည်။
"သွားခေါ်လိုက်"
"ဟုတ်ကဲ့"
James ၏ လက်ထောက် Leviသည် တစ်ချက်ဦးညွှတ်ကာ လေ့ကျင့်ရေးကြိုးဝိုင်းဆီသွားဖို့ရာ ကားဆီသို့ဦးတည်သည်။ Boss ၏စကားကို နားမ ထောင်သည့် Eden အတွက် နည်းနည်းတော့ သနားမိသား။
*
*Eden သည် အိမ်ကိုပြန်ရောက်သည့်အခါ James ရှိနေသည့်အခန်းကိုမသွားပါ။ အကြောတင်းလေးပီပီ သူ၏အိပ်ခန်းဆီသို့သာ သွားရင်း ပြန်ရောက်ကြောင်းလည်း မနှုတ်ဆက်သလို တံခါးကိုပါ လော့ချပြီး ချက်ပါ ထိုးထားလိုက်သည်။ ထို့နောက် ချွေးတွေနှင့် ရွှဲနေသည့် အဝတ်တွေကိုချွတ်ကာ ရေချိုးခန်းထဲဝင် ရေပန်းအောက်ဝင်ရင်း ရေကိုမြန်မြန်ချိုးလိုက်သည်။ ရေချိုးလို့အပြီး ခပ်ရှည်ရှည်ဆံပင်ကိုသုတ်နေသည့်တိုင်အောင် စိတ်ကမကြည်လင်နေသေး။ မြင်မြင်သမျှအရာကို အော်ဟစ်ကာပစ်ပေါက်ချင်စိတ်တွေပေါ်နေသည်။ အိပ်ရာနိုးနိုးချင်းစိတ်မကြည်လင်နေသည့်ခံစားချက်နှင့် တူညီသည့် စိတ်ကြီးက ကြီးစိုးနေသည်။