𝐂𝐡𝐚𝐩𝐭𝐞𝐫 𝐓𝐰𝐨

770 134 15
                                    

[ Unicode ]



သူ့ဆံပင်ကိုတိုအောင်ညှပ်ပစ်ချင်ရတဲ့ အကြောင်းအရင်းကတော့ ရှင်းပါသည်။ ဒီဆံပင်ရှည်လျားသောဆံပင်က သူ့နဲ့မသက်ဆိုင်လို့ပင်။

ရိဟွေးသည် ရိုးရိုးရှင်းရှင်းတဲ့တိုးသာ တွေးတောလေ့ရှိသူဖြစ်တာကြောင့် ခဏအကြာအချိန်ရ၍သေသေချာချာပြန်တွေးကြည့်ခါမှ သူမေးလိုက်သောမေးခွန်း၏ အင်မတန်အဓိပ္ပါယ်မဲ့မှုကို သတိထားမိတော့သည်။

ဒါက သူမှမဟုတ်ပဲ...  ဒီခန္ဓာကိုယ်၊ ခေါင်းကနေ ခြေဖျားအထိ တစ်စိတ်တစ်ပိုင်းမှ သူ့အပိုင်မဟုတ်။ သူများတွေဆီက ခွင့်ပြုချက်နဲ့ထောက်ခံမှု လိုက်တောင်းနေတာက ဘယ်လိုလုပ်အဓိပ္ပာယ်ရှိမှာလဲ။

အပြန်လမ်းတွင် မိုးရုတ်တရက်ရွာချလာသည်။ အစပိုင်းတွင် တိမ်မည်းတွေဆီမှ ခပ်ကျဲကျဲကျနေသောမိုးစက်များက တခဏအကြာတွင်ပဲ သည်းထန်စွာရွာသွန်းသောမိုးအဖြစ်သို့ပြောင်းလဲသွားသည်။ ပဲစေ့အရွယ်မိုးရေစက်များက ကားခေါင်မိုးကို ပြင်းထန်စွာရိုက်ခက်သဖြင့် အသံမလုံသောဗင်ကားထဲ လေးလံထိုင်းမှိုင်းသောအသံများ ညံသွားသည်။

မီးပွိုင့်နီ၍ စောင့်ဆိုင်းနေစဉ် ကားမောင်းသည့်ထိုင်ခုံမှ အမျိုးသမီးက လှမ်းအမိန့်ပေးသည်။

"ရိမန် ပြတင်းပေါက် ပိတ်လိုက်စမ်း။ မင်းအစ်ကို အအေးမမိစေနဲ့"

ကောင်မလေးသည် ပြတင်းပေါက်အစွန်းတွင် တင်ထားသော လက်ကိုချလိုက်ပြီး တစ်ခုခုကိုရေရွတ်ရင်း ပြတင်းပေါက်ကိုပိတ်ရန် ရုန်းကန်သည်။

ရိဟွေး သူ့အကြည့်အား သူထိုင်နေသောဖက်ရှိ ပြတင်းပေါက်မှ အပြီးတိုင်မပိတ်ရသေး၍ဟနေသေးသော ပြတင်းပေါက်ဘက်သို့ပြောင်းလိုက်ကာ ထိုလက်မအနည်းငယ်ဟနေသေးသောအဟလေးမှ အပြင်သို့ လှမ်းကြည့်လိုက်သည်။

ဤဒေသ၏ ဆောင်းဦးမိုးသည် မြို့တော်နှင့် အလွန်ကွာခြားသည်။ မိုးရွာနေပုံမှာ ချောမွတ်နူးညံ့သောပိုးသားကဲ့သို့ပင်၊ ကောင်းကင်မှ တွဲလွဲကျဆင်းနေသော ငွေရောင်ချည်မျှင်များနှင့်တောင်ဆင်တူပြီး နွေးထွေးမှုနှင့်စိုထိုင်းမှုက တောင်ဘက်ဒေသကို တမူထူးခြားစေသည့်အချက်ဖြစ်သည်။

𝐅𝐥𝐲𝐢𝐧𝐠 𝐀𝐬𝐡 《飞灰》Onde histórias criam vida. Descubra agora