[ Unicode]
မြို့တော်သို့ထွက်ခွာမည့်နေ့တွင် အိမ်နီးချင်းအချို့က လာရောက်နှုတ်ဆက်ကြသည်။
သူတို့ဘတ်စ်ကားလက်မှတ်များကို မသုံးဖြစ်ခဲ့ကြ။ ထို့ကြောင့် ကျန်းရိမန် လက်မှတ်များကိုငွေပြန်လဲပြီး ဘူတာရုံမှ ထွက်လာသည့်အခါ လက်ထဲတွင် ရောင်စုံပလတ်စတစ်အိတ်များကိုင်ကာ လမ်းဘေးတွင် ရပ်နေသော ကျန်းရွှယ်မေနှင့်ရိဟွေးကိုတွေ့လိုက်ရသည်။
အဒေါ်ချူးသည် ရိဟွေးလက်ထဲကြက်ဥပြုတ်အိတ်ကို အတင်းထည့်ပေးနေတုန်း ကျန်းရိမန်ရောက်လာသည်ကိုမြင်သည့်အခါ သူမလက်ထဲသို့လှည့်ပြီးထည့်ပေးသည်။
"သွား... သွား... ရထားမလွတ်စေနဲ့... ကြက်ဥကိုမကျက်တကျက်လေးပြုတ်ထားတာ လမ်းမှာစားကြ"
မနေ့က အဒေါ်ချုးတို့မိသားစုသည် ပစ်ကပ်ထရပ်ကားပိုင်သည်ကြောင့် ရှည်လျားသောလမ်းခရီးအား လိုက်ပို့ပေးမည်ဆိုသည်။ ကျန်းရွှယ်မေက သူတို့ကို အနှောက်အယှက်မပေးချင်တာကြောင့် စောစောထပြီး ခိုးထွက်ဖို့ပြင်ဆင်ထားခဲ့သော်လည်း သူမတံခါးဖွင့်လိုက်သည့်အခါ အဒေါ်ချူး၏ ထရပ်ကားက ရှေ့မီးဖွင့်ကာ တံခါးရှေ့တွင် ရပ်နေနှင့်ပြီးဖြစ်သည်။
ထို့ကြောင့် ကျန်းရိမန် အခုပဲလက်မှတ်တွေကို ပြန်အမ်းလာရတာဖြစ်သည်။
ရိဟွေးတို့မိသားစုက ကားနောက်ခန်းတွင်ထိုင်ကြသည်။ ရိဟွေး သည် အနောက်မှ ကူသံကိုကြားရသည့်အခါ မနေနိုင်မထိုင်နိုင် ကုန်သေတ္တာအတွင်းရှိ သံမဏိလှောင်အိမ်ထဲမှ အဖြူရောင် ဘဲကြီးတစ်ကောင်ကိုလှည့်ကြည့်မိသည်။ ကျန်းရွှယ်မေက သူစိတ်ဝင်စားနေသည်ကိုမြင်တော့ ပြောသည်။
"မြို့တော်ရောက်ရင် ဘဲတွေစားဖို့ စားသောက်ဆိုင်တစ်ဆိုင်သွားရအောင်"
ကျန်းရိမန် သည် သူမ၏ idol ကိုတွေ့တော့မည်ဖြစ်သောကြောင့် စိတ်ကောင်းဝင်နေသဖြင့် နားကြပ်ကိုချွတ်ကာ ဝင်ပြောပေးသည်။
"သူကစားချင်တာမဟုတ်ဘူး အိမ်မှာမွေးချင်နေတာ"
ကားမောင်းနေတဲ့ ဦးလေးချူးက ရယ်သည်။
STAI LEGGENDO
𝐅𝐥𝐲𝐢𝐧𝐠 𝐀𝐬𝐡 《飞灰》