Intro

312 18 0
                                    

Unicode

"Hi 😊
စာပို့ထားတာလား😅"

လင်းနေတဲ့ဖုန်းစခရင်လေးဟာ ဖြည်းဖြည်းချင်းမှိန်သွားချိန်မှာ လက်ညိုးတချောင်းကို စခရင်ကို ခပ်ဖွဖွထိလိုက်သည်။ မှိန်သွားလိုက် ထိလိုက် ပြန်လင်းလာလိုက်...မှိန်သွားလိုက် ထိလိုက် ပြန်လင်းလာလိုက်။

ရှင်ယွန်း​​မြတ်အတွက်တော့ပိတ်ရက်များဟာ ဘယ်သောအခါမှအလုပ်မဖြစ်။ အားလပ်ချိန်များများရလေလေ ပြသနာများများလုပ်မိလေလေ။ အထူးသဖြင့် သင်္ကြန်ပိတ်ရက်များဟာ သူမအတွက်ရှည်လျားလွန်းလှပါတယ်။

ဒီနေ့က ၂၀၂၂ ခုနှစ်ရဲ့သကြ်န်အတက်နေ့... သောကြာနေ့။ မအလ ကောင်းမှုကြောင့် သင်္ကြန်ဆိုတာ ပျင်းစရာကောင်းလွန်းလှပြီး ရှည်လျားလွန်းလှပါတယ်။ ဖုန်းလေးသုံးလိုက် ကလစ်လိုက်....ရုပ်ရှင်လေးကြည့်လိုက်နဲ့ သင်္ကြန်ပိတ်ရက်တွေကိုနေခဲ့ပြီး တစ်ခုသောမီးစိမ်းလေးကိုငေးကြည့်နေခဲ့တာ ၄နှစ် ကျော်တောင်ရှိနေခဲ့ပါပြီ။

အခုတော့ သူမငေးကြည့်နေခဲ့ဖူးတဲ့မီးစိမ်းလေးက စကားစပြောလာပေမဲ့ သူမစာမပြန်ရဲ။

လွန်ခဲ့တဲ့နာရီဝက်ခန့်က ပျင်းပျင်းရှိဖုန်းသုံးနေရင်း secret box တခုဟာ သူမ မျက်စိရှေ့ကိုရောက်လာခဲ့ပါတယ်။ ၄နှစ်ကြာ ကြိတ်သဘောကျနေခဲ့ရပါသော ကောင်လေးရဲ့ secret box....

တစက္ကန့်အတွင်းမှာတင် ကောင်းကင်က နတ်ဘုရားတွေ သူမဖွင့်ပြောနိုင်ဖို့ပေးသနားသော ကောင်းချီးမင်္ဂလာတစ်ခု လို့ထင်မှတ်ပြီး ရှည်လျားလှတဲ့ ဝန်ခံစာတစ်ခုကိုရေးခဲ့ပါတယ်။ ပြီးတော့ send ဆိုတဲ့ ခလုတ်လေးကိုနှိပ်ခဲ့ပြီး ဖုန်းကိုဘေးချကာ အာလူးကတ်သလိတ်လုပ်စားဖို့ အာလူးပြုတ်ရန် မီးဖိုခန်းထဲဝင်သွားခဲ့ပေမဲ့ ဆယ်မိနစ်အတွင်းမှာဘဲ သူမဟာ ရေဆေးပြီးသားအာလူးများကိုင်ရင်း ငူငူငိုင်ငိုင်နဲ့ ထိုင်နေခဲ့ရပြီ။

ထိုစာများကိုသူမရေးမှန်းသူဘယ်လိုသိနေခဲ့ပါသလဲ..... လင်းလိုက်မှိန်သွားလိုက်ဖြစ်နေတဲ့စခရင်ကိုငေးကြည့်နေရင်း သူမ စာမပြန်နိုင်သေး။

" ဟဲ့ secret message box သုံးဖူးလား "

ဆိုတဲ့စာသားကို copy လုပ်ပြီး ပို့ခဲ့တာကနေအချိန်အနည်းငယ်အကြာမှာတော့ သူငယ်ချင်း ၁၀ ယောက်ကျော်နဲ့စကားပြောပြီးခဲ့ပြီ။

တကယ်လဲ secret message box က ဘယ်သူပို့သလဲ မမြင်ရခဲ့ပါဘူး။ ဒါနဲ့များ သူမပို့ပါတယ်လို​့ သူဘယ်လိုများသိခဲ့ပါသလဲ။

Zawgyi
"Hi 😊
စာပို႔ထားတာလား😅"

လင္းေနတဲ့ဖုန္းစခရင္ေလးဟာ ျဖည္းျဖည္းခ်င္းမွိန္သြားခ်ိန္မွာ လက္ညိဳးတေခ်ာင္းကို စခရင္ကို ခပ္ဖြဖြထိလိုက္သည္။ မွိန္သြားလိုက္ ထိလိုက္ ျပန္လင္းလာလိုက္...မွိန္သြားလိုက္ ထိလိုက္ ျပန္လင္းလာလိုက္။

ရွင္ယြန္း​​ျမတ္အတြက္ေတာ့ပိတ္ရက္မ်ားဟာ ဘယ္ေသာအခါမွအလုပ္မျဖစ္။ အားလပ္ခ်ိန္မ်ားမ်ားရေလေလ ျပသနာမ်ားမ်ားလုပ္မိေလေလ။ အထူးသျဖင့္ သၾကၤန္ပိတ္ရက္မ်ားဟာ သူမအတြက္ရွည္လ်ားလြန္းလွပါတယ္။

ဒီေန႔က ၂၀၂၂ ခုႏွစ္ရဲ႕သၾက္န္အတက္ေန႔... ေသာၾကာေန႔။ မအလ ေကာင္းမႈေၾကာင့္ သၾကၤန္ဆိုတာ ပ်င္းစရာေကာင္းလြန္းလွၿပီး ရွည္လ်ားလြန္းလွပါတယ္။ ဖုန္းေလးသုံးလိုက္ ကလစ္လိုက္....႐ုပ္ရွင္ေလးၾကည့္လိုက္နဲ႔ သၾကၤန္ပိတ္ရက္ေတြကိုေနခဲ့ၿပီး တစ္ခုေသာမီးစိမ္းေလးကိုေငးၾကည့္ေနခဲ့တာ ၄ႏွစ္ ေက်ာ္ေတာင္ရွိေနခဲ့ပါၿပီ။

အခုေတာ့ သူမေငးၾကည့္ေနခဲ့ဖူးတဲ့မီးစိမ္းေလးက စကားစေျပာလာေပမဲ့ သူမစာမျပန္ရဲ။

လြန္ခဲ့တဲ့နာရီဝက္ခန္႔က ပ်င္းပ်င္းရွိဖုန္းသုံးေနရင္း secret box တခုဟာ သူမ မ်က္စိေရွ႕ကိုေရာက္လာခဲ့ပါတယ္။ ၄ႏွစ္ၾကာ ႀကိတ္သေဘာက်ေနခဲ့ရပါေသာ ေကာင္ေလးရဲ႕ secret box....

တစကၠန္႔အတြင္းမွာတင္ ေကာင္းကင္က နတ္ဘုရားေတြ သူမဖြင့္ေျပာႏိုင္ဖို႔ေပးသနားေသာ ေကာင္းခ်ီးမဂၤလာတစ္ခု လို႔ထင္မွတ္ၿပီး ရွည္လ်ားလွတဲ့ ဝန္ခံစာတစ္ခုကိုေရးခဲ့ပါတယ္။ ၿပီးေတာ့ send ဆိုတဲ့ ခလုတ္ေလးကိုႏွိပ္ခဲ့ၿပီး ဖုန္းကိုေဘးခ်ကာ အာလူးကတ္သလိတ္လုပ္စားဖို႔ အာလူးျပဳတ္ရန္ မီးဖိုခန္းထဲဝင္သြားခဲ့ေပမဲ့ ဆယ္မိနစ္အတြင္းမွာဘဲ သူမဟာ ေရေဆးၿပီးသားအာလူးမ်ားကိုင္ရင္း ငူငူငိုင္ငိုင္နဲ႔ ထိုင္ေနခဲ့ရၿပီ။

ထိုစာမ်ားကိုသူမေရးမွန္းသူဘယ္လိုသိေနခဲ့ပါသလဲ..... လင္းလိုက္မွိန္သြားလိုက္ျဖစ္ေနတဲ့စခရင္ကိုေငးၾကည့္ေနရင္း သူမ စာမျပန္ႏိုင္ေသး။

" ဟဲ့ secret message box သုံးဖူးလား "

ဆိုတဲ့စာသားကို copy လုပ္ၿပီး ပို႔ခဲ့တာကေနအခ်ိန္အနည္းငယ္အၾကာမွာေတာ့ သူငယ္ခ်င္း ၁၀ ေယာက္ေက်ာ္နဲ႔စကားေျပာၿပီးခဲ့ၿပီ။

တကယ္လဲ secret message box က ဘယ္သူပို႔သလဲ မျမင္ရခဲ့ပါဘူး။ ဒါနဲ႔မ်ား သူမပို႔ပါတယ္လို​့ သူဘယ္လိုမ်ားသိခဲ့ပါသလဲ။

Secret about me Where stories live. Discover now