Unicode
နွေဦးမာန်တဲ့။ သူ့နာမည်က ထိုကဲ့သိုထူးခြားစွာရှိနေခဲ့ပါတယ်။ မတ်လ ၁၁ ရက်နေ့မှာမွေးဖွားတဲ့ ထိုလူသားနာမည်ဟာ နူးနူးညံ့ညံ့လေးနဲ့လှပနေတာမျိုးပေါ့။ နာမည်ရဲ့သက်ရောက်မှုကဘဲသူ့ကိုထင်ဟပ်စေသလားတော့မသိပေမဲ့ သူမအတွက်တော့ ထိုနာမည်အပိုင်းအစလေးဟာ နှလုံးသားကိုတုန်လှုပ်စေခဲ့တာချည်းပါဘဲ။
သူ့လက်ရေးလေးပါတဲ့ သွားစစ်ဆေးရေးကတ်ကိုသေချာသိမ်းထားခဲ့ပြီး သူ့နာမည်ကို facebook ပေါ်ရိုက်ရှာကြည့်မိတော့ profile ပုံ ခပ်ဝါးဝါးလေးဟာ သူမှန်းသိသာထင်ရှားနေခဲ့တယ်။ အပြာနုရောင်ရှပ်အကျီနဲ့ ဆံပင်ကိုသေချာစွာဖြီးသင်ထားပြီး မျက်မှန်လေးနဲ့ selfie ပုံဟာ အပြင်ကသူ့လောက်မလှပနေခဲ့ပေမဲ့ သူမတန်းမှတ်မိခဲ့ပါတယ်။
အကြိမ်ကြိမ်အခါခါတွေးခဲ့ပြီးနောက်မှာ သူမဘက်က request သွားပို့ခဲ့ပြီး ၂ရက်အကြာမှာသူငယ်ချင်းဖြစ်သွားခဲ့ပေမဲ့သူမဘက်ကစ စကားမပြောရဲခဲ့သလို လင်းနေတဲ့မီးစိမ်းလေးကိုဘဲအမြဲငေးကြည့်ရုံသာတတ်နိုင်ခဲ့ပါတယ်။
သူက ခရီးသွားရတာကြိုက်တယ်။
သူက သီချင်းနားထောင်ရတာကြိုက်တယ်။
သူက ဒရမ်တီးတာကိုကြိုက်တယ်။ပြီးတော့သူက အောက်တိုဘာမှာမွေးတဲ့သူမထက် ၅လ ငယ်တယ်။ ဖြည်းဖြည်းချင်းဒီလိုနဲ့ ဖြည်းဖြည်းချင်း သူတို့ရဲ့နောက်ဆုံး internship နှစ်လေးပြီးဆုံးသွားခဲ့ပြီ။ သူမကတော့ပုံမှန် implant ဌာနကိုသွားဆဲပါဘဲ။
Crush ကိုမွှန်မိတဲ့အကျိုးရလဒ်အနေနဲ့ သူမဟာ ဘယ်ဘက်အောက်အံသွားတစ်ချောင်းနဲ့ ညာဘက်အပေါ်အံသွားတစ်ချောင်းကိုတရက်ထဲနဲ့နှုတ်ခဲ့သလို.... တချောင်း ၆ သိန်းတန် သွားနှစ်ချောင်းကိုလဲ implant စိုက်ခဲ့ပါသေးတယ်။ ပြောရရင် သွားဆေးတက္ကသိုလ်ကိုရေရှည်ပုံမှန်သွားနိုင်ဖို့ အကြောင်းပြချက်ကောင်းတစ်ခုရသွားခဲ့တာပေါ့။
ဆိုးကျိုးအနေနဲ့တော့အချိန်ကာလကြာကြာစုဆောင်းသမျှမုန့်ဖိုးတွေကုန်သွားခဲ့ပြီး implant စိုက်ခြင်းဟာ ကြောက်စရာကောင်းမှန်းနားလည်သွားတာပါဘဲ။
YOU ARE READING
Secret about me
RomanceHiatus ⚠️ To my secret crush..... တနေရာမှာအရှက်ကွဲပြီးယခုနေရာအထိအရှက်မကွဲပါရန်ဆုတောင်းလျက်.... သူမဖတ်ပါစေနှင့် 🙏😅