Should I....?

124 17 20
                                    

Unicode

တုံ့ပြန်ခြင်းမရှိသေးတဲ့ ဖုန်းကိုငေးကြည့်ရင်းစက္ကန့်တွေကိုသူမရေတွက်နေခဲ့မိသည်။ ရာသီဥတုဟာ အိုက်စပ်စပ်...။ နွေနေ့လည်ခင်းမှာ အမှောင်ထုချည်းရှိနေတဲ့အခန်းထဲလှဲလျောင်းရင်း ဘယ်အရာကိုမျှော်နေမိသလဲ သူမကိုယ်တိုင်နားမလည်နိုင်ခဲ့။

အချိန်တွေကပုံမှန်ထက်နှေးကွေးနေခဲ့ပြီး သူမဟာစောင့်မျှော်နေရချိန်ကိုဖြုန်းတီးဖို့အတွက် အခန်းထဲမှထွက်လာခဲ့မိသည်။ ထို့နောက်နေ့လည်စာအဆာပြေမုန့်ကိုယူပြီး လင်းထင်းနေတဲ့ကောင်းကင်ကြီးကိုငေးကာ မုန့်စားနေခဲ့မိသည်။

ဘာလို့အခုအချိန်ကြီးမှတိုက်တိုက်ဆိုင်ဆိုင်မုန့်စားနေရပါသလဲ။ တကယ်တော့စိတ်လှုပ်ရှားနေချိန်သူမရဲ့အတွေးတွေဟာပြန့်ကျဲနေတတ်ပြီး ထိုအတွေးတွေကိုခေတ္တမေ့ပျောက်ဖို့အတွက်ကတော့ တစုံတစ်ခုကိုစိတ်နှစ်ပြီးစားသောက်ခြင်းပါဘဲ 😆

ပြောရရင် သူမဟာ သူ့စာကိုပြန်ဖို့အတွက် အချိန်တစ်နာရီကျော်ကြာမြင့်ခဲ့ပါတယ်။ တကယ်တမ်းနံရံကနာရီကိုလှမ်းကြည့်မိရင် သူ့ဆီက စာပြန်မလာခြင်းဟာ မိနစ်ပိုင်းမျှရှိပေမဲ့လဲ သူမအတွက်တော့အဝေးကြီးအထိအတွေးတွေပြန့်ကျက်သွားခဲ့ပြီးပါပြီ။

ယခုလက်ရှိပစ္စုပ္ပန်ကနေအတော်လေးဝေးကွာနေပြီဖြစ်တဲ့အနာဂါတ်အချိန်တစ်ခုအထိပေါ့။ ပြီးတော့အတိတ်နေ့ရက်များဆီ....။

တကယ်တော့သူဆိုတဲ့ဖြစ်တည်မှုဟာ လျို့ဝှက်စွာနဲ့တည်ရှိနေခဲ့ပြီး သူမအတွက်တော့ ပြင်းထန်တဲ့ခွန်အားတွေရရှိနိုင်တဲ့အရင်းအမြစ်တစ်ခုပါဘဲ။ လျို့ဝှက်ချက်ဆိုမှတော့ တသက်လုံးလျို့ဝှက်စွာရှိနေသင့်တာမဟုတ်လား။ ဘာ့ကြောင့်များစိတ်ရူးပေါက်ပြီးဖွင့်ပြောမိခဲ့ပါသလဲ။ တကယ်လို့များ သူ့ဘက်ကငြင်းဆန်ခဲ့ရင်ကော....။

စားလတ်စမုန့်ဟာ အရသာမရှိတော့။ သူမမှာရှိနေခဲ့တဲ့သတ္တိလက်ကျန်ဟာ ကုန်ဆုံးသွားခဲ့ပြီ။ ဖုန်းမျက်နှာပြင်ဟာလင်းလာခဲ့ပြီး ထိုလူ့ဆီမှစာဟာ ဖုန်းမျက်နှာပြင်မှာပေါ်နေခဲ့သည်။

"😅
မဟုတ်ဘူးပေါ့
တောင်းပန်ပါတယ်😊"

စိတ်အေးသွားသောခံစားချက်မျိုး.... တော်သေးတာပေါ့ဆိုတဲ့ခံစားချက်မျိုး။ သေချာပေါက် သူ့ဘက်ကသိနေတာမျိုးမဟုတ်တာမို့...

Secret about me Where stories live. Discover now