၁။ ရှောက်ကျို (ကုန်)
ငါ့နာမည်က ရှောက်ကျို ယောကျာ်းလေးတစ်ယောက် ပြီးတော့ ဂေး အသက်က ဒီနှစ်ဆို ၂၆ အလုပ်အကိုင်ပိုင်းဆို အောင်မြင်တယ်ပြောရမှာပေါ့
တမျိုးထင်မနေနဲ့ ငါဒီကို ဘလိုင်းဒိတ်လုပ်ဖို့ လာတာမဟုတ်ဘူး ငါ့မှာကောင်လေးရှိတယ် သူက လုနင် တဲ့ ငါတို့က တက္ကသိုလ်အခန်းဖော်တွေ ငါတို့ အချင်းချင်းသိလာတာ ၈နှစ်ရှိပြီ တွဲလာတာလည်း ၇ နှစ်ရှိပြီ
ငါ့ကောင်လေးနဲ့ ဆက်ဆံရေးက အရမ်းကိုမှ ကောင်းပြီးတော့ ရန်လည်းဖြစ်ခဲတယ် ဒါမဲ့ ငါ့ကိုတော်တော်ကြာ စိတ်ရှုပ်စေတဲ့ ပြသာနာက ငါ့ကောင်လေးက သူ့ကိုယ်သူ အဖြောင့်လို့ ပြောနေတာပဲ ငါတို့ တွဲလာတာ ၇ နှစ်လောက်ရှိနေတာကိုလေ
ပြီးတော့ ငါတို့ တွဲတာ ၇နှစ် ဆိုတဲ့ အချိန်ထဲ ဝ်ငလာတော့ ငါ ပိုပိုပြီး စိတ်ရှုပ်လာရတော့တာပဲ
၂။ ပထမဆုံးတွေ့ဆုံမှု
ငါသူ့ကို ပထမဆုံးအကြိမ် စတွေ့တာက တက္ကသိုလ် ပထမနှစ်မှာပဲ ငါပစ္စည်းတွေ ထုတ်ပြီးတော့ အနားယူဖို့ ဂိမ်းဆော့မယ်ဆိုပြီး ကွန်ပျုတာ ဖွင့်လိုက်တဲ့ချိန် အပြင်ကနေ ငါ့အဆောင်အခန်းတံခါး ဖွင့်ခံလိုက်ရတာပဲ
ဝင်လာတဲ့သူက ပုပြီးတော့ သေးသေးသွယ်သွယ်လေး ဒါမဲ့ သူ့သွင်ပြင်လေးက အရမ်းကိုမှ လှတာ ငါသိပါတယ် 'လှတယ်' ဆိုတဲ့ စကားလုံးက ယောကျာ်းလေးတစ်ယောက်ကိုဖော်ပြတဲ့နေရာမှာ မသုံးသင့်ဘူးဆိုတာ ဒါမဲ့ အဲ့ချိန်တုန်းက ငါ့စိတ်ထဲကို အဲ့စကားလုံးပဲ ဝင်လာခဲ့တာ
"ဟိုင်း ဟဲလို" သူက ငါ့ကိုမြင်တော့ တောက်တောက်ပပ ပြုံးပြတယ်
ငါရင်ခုန်သွားတာ မွေးကတည်းက တကိုယ်တည်းသမားဖြစ်လာတဲ့ ကလေးလေးကို မြှားနတ်မောင်က နောက်ဆုံးတော့ မှတ်မိသွားတဲ့ပုံပဲ
"ဟဲလို" ငါ့လည်ချောင်းတွေ ခြောက်ကပ်နေသလိုပဲ ပြန်ဖြေပြီးမှ မျက်မှောင်ကြုတ်လိုက်မိတာ ငါ့အသံက တအားလောနေတာ တဖက်လူ နှုတ်ဆက်တာကို မပျော်သလိုမျိုးလေ
ငါ့ရဲ့ အေးစက်တဲ့ သဘောာထားကို သူသတိပြုမိတဲ့ချိန် သူ့မျက်နှာက အပြုံးက ချက်ချင်းပျောက်သွားပြီးတော့ သူ့ပစ္စည်းတွေကို ထုတ်တဲ့ချိန် ငါ့ကို တချက်တောင်ထပ်မကြည့်တော့ဘူး
YOU ARE READING
ငါ့မိန်းမက အဖြောင့်
Romanceဟိုင်း ယော်ရောဘွန်း ဒါက အရမ်းကိုမှ တိုပြီးချစ်ဖို့ကောင်းတဲ ပုံပြင်လေးတစ်ခု ကုန် နဲ့ ရှု တို့ရဲ့ အတွေးးတွေကို ဖော်ပြထားတာလေးပေါ့ ချိုလွန်းလို့ ဖတ်ရင်ကောင်းမယ်ဆိုပြီး ဘာသာပြန်ပေးလိုက်တာပါ ပျော်ပျော်ရွှင်ရွှင်ဖတ်ကြပါ - ဒါက မူရင်း ဘာသာပြန်သူ ရေးထားတာဖ...