၇။ လောလီပေါ့
အပြန်လမ်းမှာ တစ်ယောက်ယောက်က လောလီပေါ့စားနေတာမြင်ပြီး ငါရုတ်တရက်တမျိုးဖြစ်လာတာနဲ့ ငါလည်းစားချင်တယ်ပြောလိုက်တာကို ရှောက်ကျိုက ငါ့ကို ထားခဲ့ပြီး ဝယ်လာပေးတာပဲ
ဒီလောက်ပူနေတာကို လူတွေက တုံ့ဆိုင်းပြီး ဝယ်မပေးချင်လောက်ပေမယ့် ရှောက်ကျိုကတော့ နည်းနည်းလေးတောင် တုံ့ဆိုင်းမနေဘဲ သွားဝယ်ပေးတာလေ
သူငါ့ကို တကယ်သဘောကျတဲ့ပုံပဲ သူ့ကြောင့် ငါ့ကိုကြိုက်တဲ့သူက တကယ်ဂေးမနေဘူးဆိုတာကို ငါလက်ခံချင်လာတာ
အား ငါက ၃၆၀ ဒီဂရီ အဖြောင့်ကြီးဆိုတာ စဉ်းစားလိုက်ရင် စိတ်ရှုပ်ဖို့ကောင်းလိုက်တာ ဟိဟိ
ရာသီဥတုက တကယ်ပူနေတာ ငါအဆောင်ကိုရောက်ခါနီးတော့ ယောကျာ်းတစ်ယောက်က တောက်ပတဲ့ အနီရောင်ပန်းစည်းကြီးကိုင်ပြီး ရပ်နေတာတွေ့လိုက်တာပဲ
ဟေ့ တစ်ခုခုစိတ်ဝင်စားစရာကောင်းတာ ဖြစ်တော့မယ်ထင်တယ် ငါရုတ်တရက်စိတ်လှုပ်ရှားသွားပေမယ့် ဒါကယောကျာ်းလေးအဆောင်ရှေ့မှာဆိုတာ သဘောပေါက်လိုက်တာပဲ
သေစမ်း ခုနောက်ပိုင်း လူတွေက ဒီလိုမျိုးကို လက်ခံလာကြပြီဆိုတောင် ဒါကြီးကမလွန်ဘူးလား
အပေါ်ထပ်ကို တက်ပြီး လသာဆောင်ကနေ ကြည့်မလို့ရှိသေး ငါအတားခံလိုက်ရတာပဲ
ဟုတ်တယ် ပန်းစည်းကိုင်ထားတဲ့သူက ငါ့ကိုတားလိုက်တာ
"လုနင် မင်း" အဲ့ကောင်လေးက တွန့်ဆုတ်တွန့်ဆုတ်နဲ့ ငါ့လက်ကောက်ဝတ်ကို တင်းတင်းကိုင်ထားတာ
ငါတကယ် ရုန်းလိုက်ချင်တာ အာ့နဲ့ငါလည်း "ဒါကို အဆောင်ထဲက တစ်ယောက်ယောက်ကိုပေးစေချင်လို့လား?" လို့ ငါမေးလိုက်တာ ငါသိတဲ့လူကို ဝန်ခံမလို့လားပေါ့
"မဟုတ်ဘူး လုနင် ငါမင်းကို သဘောကျတာ ငါနဲ့အပြင်တူတူသွားချင်လား?" သတ္တိစုပြီးပြောလိုက်တဲ့ပုံပဲ အသံကလည်း အကျယ်ကြီး
သူ့ကျယ်ကျယ်ပြောလိုက်လို့ ငါလန့်သွားတာ တော်တော်သတ္တိရှိလာကြတာပဲ ငါသူဘယ်သူလဲ မသိတာတောင် သူကငါ့ကိုလာဝန်ခံရဲတုန်းပဲ
![](https://img.wattpad.com/cover/312529526-288-k925107.jpg)
YOU ARE READING
ငါ့မိန်းမက အဖြောင့်
Romanceဟိုင်း ယော်ရောဘွန်း ဒါက အရမ်းကိုမှ တိုပြီးချစ်ဖို့ကောင်းတဲ ပုံပြင်လေးတစ်ခု ကုန် နဲ့ ရှု တို့ရဲ့ အတွေးးတွေကို ဖော်ပြထားတာလေးပေါ့ ချိုလွန်းလို့ ဖတ်ရင်ကောင်းမယ်ဆိုပြီး ဘာသာပြန်ပေးလိုက်တာပါ ပျော်ပျော်ရွှင်ရွှင်ဖတ်ကြပါ - ဒါက မူရင်း ဘာသာပြန်သူ ရေးထားတာဖ...