M-3

187 15 6
                                    

၇။ ချိုချဉ်ချောင်းများ

နေ့လည်ခင်း အဆောင်ပြန်တဲ့လမ်းမှာ အတွဲတစ်တွဲကိုဖြတ်သွားတော့ အဲ့အတွဲက ကောင်မလေးက လောလီပေါ့ချောင်းတစ်ချောင်းကို စုပ်နေတာ

လုနင်ကရုတ်တရက် "ငါလောလီပေါ့ စားနေတဲ့လူကိုတွေလိုက်တာ အခုငါလည်း စားချင်လာပြီ"

ဒီလိုအသက်အရွယ်မှာလောလီပေါ့ စားချင်တယ်ပြောတာ ငါ့မိသားးစုဝင်လေး နင်နင်က ကသိပ်ချစ်ဖို့ကောင်းတာပါဆို

"ငါ မင်းစားဖို့သွားဝယ်ပေးမယ် အဆောင်အရင်ပြန်နှင့်ချေ" ငါလည်းလှည့်ပြီး ကဖေးဆိုင်နားက စတိုးဆိုင်ဘက်သွားရတော့တာပဲ

ငါပြန်ရောက်တော့ လုနင်က သူ့ကိုဝန််ခံနေတဲ့ ကောင်လေးတစ်ယောက်ကို ငြင်းနေတာမြင်လိုက်ရတယ် လုနင်က သူ့က အဖြောင့်ဆိုတာကို အေးတိအေးစက်နဲ့ ပြောနေခဲ့တာ

၈။ ဝန်ခံခြင်း

"မြန်လိုက်တာ ငါ ပန်းသီးအရသာ အရင်စားမယ်"

လုနင်က ငါ့လက်ထဲက လောလီပေါ့တစ်ချောင်းကိုယူပြီး ပြောလိုက်တာ အခုထိ ငါအပေါ်ကို ဘယ်လိုပြန်ရောက်သွားလဲဆိုတာ မသိတော့ဘူး ခုနက မြင်ကွင်းကို မြင်ပြီးလေ

အခန်းထဲဝင်တော့ လုနင်က ရုတ်တရက် ငါ့ကို တံခါးမှာဖိကပ်လိုက်တာ သူအားက သန်လိုက်တာ နောက်ပိုင်း ငါပြန်တွေးမိမှ သူ့စားသမျှတွေက အားသန်သွားတာပဲလို့

လုနင်က လက်နှစ်ဖက်လုံးနဲ့ငါ့ကိုကိုင် ခြေဖျားထောက်ပြီး နမ်းလိုက်တာ ငါ့ကိုလေ

ငါခနလောက်ကြောင်သွားပြီးတော့ အမြန်တုံ့ပြန်လိုက်တာပဲ ချက်ချင်း လုနင် ခါးကိုဖက်ပြီး ငါ အကြိမ်ပေါင်းများစွာ စိတ်ကူးယဉ်ခဲ့ရတဲ့ နှုတ်ခမ်းတွေကို နမ်းရှိုက်တော့တာပဲ
သူ့ပါးစပ်ကို ဖွင့်ဖို့ ငါ့လျှာကို သုံးလိုက်တော့ ခုနက ပန်းသီးအရသာ လောလီပေါ့ရဲ့ချိုမြိန်တဲ့အရသာက ဝင်လာတော့တာပဲ

ချိုမြိန်မှုတွေထဲ ချဉ်စူးစူးအရသာလေးကော ပထမဆုံးအချစ်ရဲ့ အရသာကလည်း ဒီလိုလေးနေမယ်

"ဟေ့ ငါဘာလို့ ဖွင့်မရတာလဲ?" တံခါးအပြင်ဘက်ကနေ အခန်းဖော်တစ်ယောက်အသံက ထွက်လာခဲ့တာပဲ

ငါ့မိန်းမက အဖြောင့်Where stories live. Discover now