part(10)
Felixနဲ့Allieတို့ချစ်ခင်နွေးထွေးစွာနဲ့အတူတူနေတာ2လကျော်ကြာခဲ့ပြီလေ
သားလေးနဲ့ပတ်သတ်သမျှကိုလည်းအနည်းငယ်တော့မေ့နိုင်လာပါပြီ..Felixဒီမှာကြည့်...
"ဒါ..ဒါက""ကျွန်မမှာ ကိုယ်ဝန်ရှိနေပါပြီ Felix...''
Allie၏စကားဆုံးတွင် ဆွံအနေသည့် သူ့မျက်နှာအသွင်ပြင်အနေအထားသည် ဝမ်းသာခြင်း၊ကြည်နူးခြင်းအရိပ်တို့ တရေးရေးထင်ပေါ်လာခဲ့ပြီး နောက်ဆုံးတွင် သူ ဟက် ခနဲတစ်ချက်ရယ်လိုက်ပြီး တဟားဟားအော်ရယ်လိုက်လေသည်။"အဟားဟားဟား...နောက်ဆုံးတော့ ကိုယ်နောက်ထပ် ရင်သွေးလေးရလာပြီပေါ့ ပျော်လိုက်တာကွာ"
"ဘယ်လိုဖြစ်ပြီး အော်ပြောနေတာလဲ.."
Allieသည် ဆေးခန်းအပြင်ဘက်သို့လျှောက်ကြည့်လိုက်ရင်း တခြားသောဆရာဝန်တွေnurseတွေရှိနေသည်မို့လျင်မြန်စွာပင်သူ့ပါးစပ်ပေါက်အားလက်ဖြင့်အုပ်ထားလိုက်ရတာပေါ့ သူက Allieရဲ့လကိုအသာဖယ်ချလိုက်ပြီး
"ဘယ်သူ့ကိုဂရုစိုက်ရမှာလဲ Allieရယ်..ကိုယ်ကဖြစ်နိုင်ရင် တစ်လောကလုံးကြားလောက်အောင်တောင်အော်ပစ်လိုက်ချင်သေးတယ်.."
"ပိုလွန်းတယ်"နော်Felix သားလေးTimmyရှိတုန်းက မင်းကြည့်လုပ်လိုက်လို့ဘဲပြောခဲ့တာမလား
အစက စသလိုလိုနဲ့ပြောလိုက်ခြင်းဖြစ်ပေမယ့်Timmyလေးကိုတွေးမိတော့သူမမျက်ရည်အလိုလိုကျလာသည်။Felixကတော့အပျော်လွန်ခြင်းတို့ဖြင့် Allieကိုယ်လေးအားတင်းကြပ်စွာဖက်လိုက်ရင်း ဝမ်းမနည်းပါနဲ့ ကွာ...ကိုယ်တို့ကတိပေးထားတယ်လေ
"အွန်းပါ''
မျက်ရည်သုတ်လိုက်တဲ့ Allieမျက်နှာလေးကိုမြတ်နိုးစွာကြည့်ရင်း Allieလက်ကလေးအားညင်သာစွာကိုင်လိုက်လေသည်။ ပြီးတော့ Allieမျက်နှာလှလှလေးကိုကြည့်၍
"ကျေးဇူးတင်လိုက်တယAllieရယ်...ကိုယ်လိုချင်တာကိုဖြည့်ဆည်းပေးလို့ တကယ်ကျေးဇူးတင်ပါတယ် " ကိုယ်မင်းကိုအရင်ကထက်ပိုချစ်ပေးပြီး ဂရုစိုက်ပါမယ်ကွာ
YOU ARE READING
One day you will be happy❤
Romanceဒီficလေးကတော့ motiပြန်ယူချင်တဲ့သူတွေအတွက် အချစ် အမုန်း drama ဆန်ဆန်ဖတ်လို့ရမဲ့fic typeလေးပါ....💛 intro.. Allie..(ငါကဘယ်တော့မှမပျော်ရွှင်ရဘူးလေ...ဘယ်တော့မှငါ့အတွက် ပျော်ရွှင်ရမှာမဟုတ်ဘူး....) Felix...( ငါ့အတွက်ကောင်မလေးတွေဆိုတာ မရေမတွက်နု...