Part 2 (Unicode)

103 2 0
                                    

ရန်ကုန်မြို့ရဲ့ ညအလှဟာ မီးရောင်တွေ ပြိုးပြိုးပြက်ပြက်နဲ့ လင်းထိန်လျက်ရှိပြီး Dream Club အတွင်းတွင် Djသံတွေနဲ့ ဆူညံလျက်ရှိပြီး Clubအတွင်းရှိ လူတွေဟာလည်း Djသံတွေနဲ့အတူ စည်းချက်အလျက် ကခုန်လျက်ရှိကြတယ်။ထိုသို့ ကခုန်နေကြတဲ့ လူတွေထဲကမှ Dark Brown Colour ဆံနွယ်ရှည်ကြီးကို စည်းနှောင်ထားပြီး အသားအရေကဖြူတာအပြင် ထိကိုင်မိလိုက်ရင် ပဲ့ကြွေသွားတော့မည်ဟု ထင်ရလောက်အောင် ဖြူရဲရဲနဲ့ အရပ်5'8"နဲ့ နားမှာ တလက်လက်တောက်ပနေတဲ့ စိန်တစ်ပွင့် ၀တ်ဆင်ထားတဲ့ ရုပ်ရည်အလွန်တရာ ကြည့်ကောင်းလှတဲ့ ယောက်ျားပျိုတစ်ဦးဟာ စည်းချက်အလိုက် လွတ်လပ်စွာ ကခုန်လျက်ရှိပြီး Clubအတွင်းရှိ ယောက်ျားမိန်းမအားလုံးရဲ့ attentionအားလုံးကို သိမ်းပိုက်ထားလျက်ရှိတယ်။ထိုသူကတော့ ထိုဖြစ်ရပ်အားလုံးကို မသိကျေးကျွန်ပြုကာ စိတ်လိုလက်ရ ကခုန်နေပြီး ခဏလောက်ကြာတော့ ကခုန်နေရတာ မောပန်းသွားလို့ ထင်တယ် လူအုပ်ကြားကထွက်လာပြီး Bar Counterဆီသို့ လျောက်လာခဲ့တယ်။ထိုသူကတော့ Dream Clubအပြင် ရန်ကုန်တစ်မြို့လုံးလိုလိုလူတွေ မသိတဲ့သူမရှိတဲ့ Top 10စာရင်း၀င် သူဌေးကြီး ဦးလင်္ကာထွန်းနှင့်ဒေါ်နန်းခမ်းကြာ တို့ရဲ့တစ်ဦးတည်းသော သားလေး ရှမ်းဗမာ ကပြားစပ် ရန်ရှင်းလင်္ကာပင် ဖြစ်သည်။

ရန်ရှင်း ကရတာ မောပန်းသွားလို့ သောက်စရာ တစ်ခုခုသောက်ရန် Bar counterဆီသို့ရောက်တော့ ရန်ရှင်းရဲ့တစ်ဦးတည်းသော သူငယ်ချင်း ငယ်ပေါင်းကြီးဖော် ထင်၀ဏ္ဏစိုး ကိုတွေ့လိုက်ရတယ်။

"ဟျောင့် ၀ဏ္ဏ မင်းရောက်နေတာကြာပြီလား"

"သိပ်မကြာသေးပါဘူးကွာ မင်း မျောက်က ကနေကတည်းက ဆိုပါတော့ကွာ ငရှင်းရာ"

"ဟျောင့်!မင်းငါ့ရဲ့ ချောမောလှပမှုနဲ့ ကကွက်ဆန်းတွေကို မနာလိုတိုင်း လီးကို မျောက်ကပါလား ဒါကmusicနဲ့အတူ စီးမျောတယ်လို့ ခေါ်တယ်ကွ ကျက်သတုံးရ"

"ထားပါကွာ ဒါနဲ့ငရှင်း ငါတို့ဆယ်တန်းပြီးတည်းက အိမ်မှာ အိပ်လိုက်စားလိုက် Clubတတ်လိုက်နဲ့ အချိန်ကုန်နေတာ အကျိုးရှိတာလေး တစ်ခုခုလုပ်ကြမလားလို့"

အညာသားယောက်ျား  ရန်ကုန်သား(Ongoing)Where stories live. Discover now