❤4❤🚨🚨🚨🚨

3.9K 100 7
                                    

Unicode

စေ့စပ်ကြောင်းလမ်းပြီးသည့်အနေထားတစ်ခုမှာကိုကိုက ကျွန်တော်နဲ့အတူနေဖို့အိမ်ကိုပြောင်းလာခဲ့သည်။တစ်အိမ်ထဲ၊တစ်အိပ်ယာထဲအတူနေရတော့မှာမို့ ကျွန်တော့်ရင်တွေတုန်နေမိ၏။jungkookကတစ်ခြားနေရာတွေမှာဆိုကလေးဆန်ပြီးချွဲတတ်သော်လည်း အိပ်ယာထဲရောက်ရင်ကျားတစ်ကောင်လိုဟုန်းဟုန်းတောက်တတ်ကိုကျွန်တော်သာလျှင်အသိဆုံးမို့။

အခုလည်းပစ္စည်းတွေကိုနေရာချပြီး ခုတင်ပေါ်မှာထိုင်နေသောကျွန်တော့်ကိုတစ်ချက်တစ်ချက်စောင်းငဲ့ကြည့်နေသည့်သူက မျက်နှာကပြုံးစိစိ။

"ထယ်ထယ်....ရေချိုးတော့လေ"

အသံသြရှရှသည် အချိန်တိုင်းကြားနေရတဲ့အသံမျိုးတော့မဟုတ်။

"ဟို ငါပြီးပြီ"

"အွန်း အဲ့တာဆို ကိုကိုချိုးလိုက်တော့မယ်"

တဘက်တစ်ထည်ကို ပုခုံးပေါ်တင်ရင်းရေချိုးခန်းထဲဝင်သွားသည့် jungkookကြောင့်ကျွန်တော့်မှာအခုမှ သက်ပျင်းချနိုင်တော့သည်။

အချိန်တိုင်းစူးစိုက်ကြည့်နေတာကြီးက သူ့အတွက်တော့မသက်သာ။အဲ့အကြည့်၊အဲ့အပြုံးမျိုးက ဘာဖြစ်လဲတော့မလဲဆိုတာ ကျွန်တော်သိနေသလို။

အမှန်တိုင်းပြောရရင်ကိုကိုက သူ့တောင်မတိုင်ပင်ဘဲအိမ်ကိုပြောင်းလာခြင်းဖြစ်သည်။ဒီရောက်တော့မှမေမေရောကျွန်တော်ရော အံသြရတဲ့အဖြစ်။

အထုတ်ပိုးလေးတစ်ခုနှင့် လွယ်အိတ်လေးတစ်လုံးသာပါလာသည့် သူဟာပစ္စည်းအများကြီးဝယ်သုံးသည့်စတိုင်လ်မဟုတ်။
ကျွန်တော့်လိုငွေရေးကြေးရေးကို ရေလိုမသုံးဘဲချိုးခြံခြွေတာတတ်သည့် အိမ်ရှင်မလေးတစ်ယောက်ရဲ့ပုံစံမျိုး သာ။

"ထယ်...."

အေးစက်စက်အသံနဲ့သူ့ကိုခေါ်လိုက်တော့ နောက်လှည့်ကြည့်ရာမှတွေ့လိုက်ရသည်က အပေါ်ပိုင်းဗလာနဲ့jungkookကို။အောက်ပိုင်းလေးမှာတဘက်လေးတစ်ထည်ကိုသာ
ဖြစ်သလိုပတ်ရင်း ရေစက်လက်ကျနေတဲ့ခန္ဓာကိုယ်ကလုံးဝsexyရှိစွ။ဗိုက်သားလေးတွေမှာလည်းပေါင်မုန့်ဆိုတာအမြှောင်းလိုက်ကြီးလို လက်မောင်းသားတွေမှာလည်း
ကျစ်လျစ်မှုကြောင့် ဖောင်းကားနေ၏။

🚨Owner🚨(ပိုင်ရှင်ရှိလူတန်းစား)Where stories live. Discover now