❤7❤🚨🚨🚨🚨

3.1K 94 9
                                    

Unicode

"ကိုကို...စာမေးပွဲနီးနေပြီ စာလုပ်တော့လေ။"

ဂျောင်ကုကို စာလုပ်ဖို့ပြောနေတာနှစ်နာရီပင်ရှိပြီ။ အခုထိတုတ်တုတ်လည်းမလှုပ်။ ဂိမ်းဆော့ကလည်းမပျက်။

"စာမေးပွဲက ဖင်ထဲဝင်တော့မယ်။ဘာထိုင်လုပ်နေတာလဲ အဲ့တာ!"

"shit!! အာရုံမစားနဲ့ကွာ။ ကိုယ်game ဆော့နေတယ်။"

"သြော်...ဟုတ်ကဲ့ ဟုတ်ကဲ့။ကျွန်တော်မျိုးမှ မှားပါတယ်။ အခုလိုအနာဂတ်jeon CEOဖြစ်မဲ့သူကို စာလုပ်ခိုင်းတဲ့အတွက်မှားသွားပါတယ်။"

"ထယ်! မင်းမရစ်နဲ့ကွာ"

"တောက်! ငါ့ကိုလာမအော်နဲ့နော်ဂျွန်ဂျောင်ကု!! ငါပြောနေတာတွေအားလုံးကမင်းအတွက်ကြီးပဲ။"

"အခု...ကိုယ်ကရောစာမလုပ်ဘူးလို့ပြောလို့လား?? ဂိမ်းလေးခနဆော့နေတာကိုအဲ့လောက်ကြီးထိ မသောင်းကျန်းသင့်ဘူး!"

"ဟ့! အသောင်းကျန်းမခံချင်ရင်မင်းလည်းငါပြောသလိုနေမှပေါ့။ ဘာတွေကိုလာပြီးတစ်ခွန်းမကျန်ပြန်အော်နေရတာလဲ အရိုင်းအစိုင်းရဲ့!!"

"မင်း ငါ့ကိုအဲ့လိုမခေါ်နဲ့နော်!!"

"ခေါ်တော့ဘာဖြစ်လဲ?? အကြီးကိုအကြီးမှန်းမသိ ယုတ်မာရိုင်းစိုင်းနေတဲ့အကောင်။"

"ငါ...shit!!"

ဒေါသဖြစ်ဖြစ် ဂျောင်ကုမှာဆဲမိသည်။ပြောနေပုံက အခြားသူဆိုရိုက်သတ်ပစ်ချင်စရာ။

"မင်းက ဆဲတယ်ပေါ့!!"

"အဲ့တော့ ဘာလုပ်ချင်လဲ??"

မျက်ခုံးတစ်ချက်ပင့်ကာ ဘုကြည့်ကြည့်ပြီးမေးလိုက်သည်။ ဒါကိုထယ်က မဲ့ပြုံးတစ်ချက်ပြုံးပြီး

"မင်းအောက်မှာနေတယ်ဆိုပြီး မလေးစားချင်တာပေါ့"

"ဘာ!!"

"ငါဆိုတဲ့ကောင်က မင်းကိုမလွန်ဆန်နိုင်လို့အောက်မှာနေပေးတာမဟုတ်ဘူး။ မင်းကိုချစ်လို့နေပေးနေတာ။ ဒါကိုအခွင့်ရေးယူတယ်ပေါ့"

"ဟင်??"

ဂျောင်ကုမှာ ထယ့်ဆီကချစ်လို့ဆိုတဲ့စကားကြောင့်မျက်လုံးလေးများပြူးတက်သွားရတယ်။ထယ့်ထယ့်ဆီက အဲ့လိုမကြားရတာကြာပြီလေ။ မှတ်မိရသလောက်ဆိုရင်ဆယ့်ခြောက်နှစ်မပြည့်ခင် နောက်ဆုံးပြောခဲ့တာထင်တယ်။

🚨Owner🚨(ပိုင်ရှင်ရှိလူတန်းစား)Where stories live. Discover now