Unicode
"အိမ်ရှင်တို့ ရှိကြလား။ကျွန်မကဟိုဘက်ခြံကနေပြောင်းလာတဲ့ အိမ်သစ်ကလူတွေပါ။ "
Jung kookတစ်ယောက်ခြံထဲမှာကားရုပ်တွေနဲ့ဆော့နေရင်း အိမ်ပြင်ကမိန်းမကြီးတစ်ယောက်ရဲ့အသံကြောင့်နှုတ်ခမ်လေးဆူထွက်သွားရ၏။ဆော့နေချိန်ဆိုအာရုံအနောက်မခံနိုင်သောကြောင့် သူပြန်မထူးမိချေ။
"ဟဲ့သား အပြင်မှာလူခေါ်နေတယ်လေ ထူးလိုက်တာမဟုတ်ဘူး"
မေမေကဟင်းချက်နေရင်းမှ ကပျာကယာထွက်လာတယ်နဲ့တူသည်။အေပရွန်ဝတ်စုံကြီးကိုဝတ်ပြီးသူ့ကိုဆူကာဖြင့်တံခါးနားကမိန်းမကြီးဆီသို့အမြန်ပြေးသွားလေသည်။
"သြော်...ဟုတ်ကဲ့ ဘာများအကူညီလိုလဲမသိဘူး"
"ဟို အကူညီရယ်လို့မဟုတ်ပါဘူး။ဒီနေ့ကျွန်မတို့ရဲ့ပထမဆုံးအိမ်တက်ရက်လေးမို့ပတ်ဝန်းကျင်က လူတွေကိုမုန့်တွေလိုက်ဝေပေးနေတာ။မိတ်ဖြစ်ဆွေဖြစ်သဘောမျိုးလည်းပါတာပေါ့ရှင်"
"သြော်...အဲ့လိုလား"
မေမေကခေါင်းငြိမ့်ကာဖြင့်ထိုမိန်းမကြီးအားတံခါးဖွင့်ပေးရင်းစကားတွေပြန်ပြီးပြောနေလေသည်။သူလည်းစိတ်ဝင်စားတာနဲ့မေမေနဲ့စကားပြောနေသောမိန်းမကြီးအနားသို့တိုးကပ်သွားမိ၏။အနားရောက်တော့အရင်တွေ့လိုက်ရသည်ကထိုမိန်းမကြီးယူဆောင်လာသည့်ဗူးတစ်ခု။ခုနက မုန့်တွေလိုက်ဝေတယ်ဆိုတဲ့အသံကိုကြားလိုက်ရတော့ သူ သိပ်ကြိုက်တဲ့kookieမုန့်တွေဖြစ်နိုင်မလား?။ဒါမှမဟုတ် Banna milkတွေလား?။
"ဟယ်....ဒါ ညီမသားလေးလား ချစ်စရာလေးနော်"
မေမေနဲ့စကားပြောနေရင်းမှကျွန်တော့််ကိုသတိထားမိသွားတယ်နဲ့တူသည်။ချက်ချင်းကိုရယ်ပြလာပြီး ပါးလေးတစ်ဖက်ကိုလည်းလာဆွဲသည်။
"ဟုတ်တယ်ရှင့် ဒါကျွန်မရဲ့သားလေး နာမည်ကjung kookတဲ့။ Jeon jung kook"
"ဝါး ချစ်စရာလေးရှင်။ယုန်သွားလေးတွေနဲ့ ဘာပဲဖြစ်ဖြစ် သားလေးနဲ့တော့အဖော်ရသွားပြီ။"
"ဒါဆို အမမှာလည်း သားလေးရှိတယ်ပေါ့"
"ဒါပေါ့.....ဟိုမှာလေ"

YOU ARE READING
🚨Owner🚨(ပိုင်ရှင်ရှိလူတန်းစား)
Fiksi PenggemarJeon jung kook × Kim Taehyung ..... seke type ပါရှင့်။ (seke ဆိုတာမျိုးက ukeနဲ့တွေ့ရင်semeပုံဖြစ်ပြီး၊ semeနဲ့တွေ့ရင်ukeပုံဖြစ်သွားတဲ့သူမျိုးတွေကိုဆိုလိုတာပါ။ သူတို့တွေကroleပုံသေမရှိပါဘူး) ဒီFicကလည်း ဒီလိုtypeမျိုးပါနော်။ seke type ပါရွင့္။ (seke ဆိ...