မနောက်ကြနဲ့လေ

1.6K 78 10
                                    

ရန်လိုမြို့ကြီးရဲ့ လူချမ်းသာများ အပန်းဖြေရာဥယျာဥ်ကြီးတစ်ခု....
လိမ္မော်ရောင်အပြည့် ခြယ်သထားတဲ့ ဥယျာဥ်ကြီး....

တကယ်တော့ ရန်လိုမြို့ကြီးက လိမ္မော်ရောင်မြို့တစ်မြို့ပါပဲ။ ကြည့်လေရာနေရာတိုင်း လိမ္မော်ရောင်တွေသာ ကြီးစိုးနေသောမြို့ကြီးပါ။
အိမ်များ.....စားသောက်ဆိုင်များ....shopping mall များ....ကျောင်းများ.....စာအုပ်ဆိုင်များ....ရုပ်ရှင်ရုံများ စသည်ဖြင့်အရာအားလုံးက လိမ္မော်ရောင်မပါတာမျိုးမရှိသလောက်ပါပဲ။ အဆောက်အဦးတွေက လိမ္မော်ရောင်ဖြစ်နေတာမို့ အသုံးအဆောင်တွေကရော.... တူတူပဲ။ ​နေ့စဥ်သုံးကြတဲ့ အသုံးအဆောင်ပစ္စည်းတွေလဲ လိမ္မော်ရောင်ပါပဲ။
All Orange လို့ပဲအကြမ်းဖျင်းမှတ်ထားကြပေါ့။

ရန်လိုမြို့ရဲ့အထင်ကရဥယျာဥ်ကြီးဖြစ်တဲ့ သက်တောင့်သက်သာဆိုတာ လူချမ်းသာတွေအတွက် သီးသန့်ဇုံနယ်မြေတစ်ခုပါ။

ယ​နေ့ သက်တောင့်သက်သာခြံမှာ ပွဲတစ်ခုရှိပုံရတယ်။
ပြင်ဆင်ထားတဲ့ပုံစံက အရေးကြီးပွဲတစ်ခုဖြစ်မယ်ထင်ရတယ်။ လိမ္မော်ရောင်ဝတ်စုံပြည့်နဲ့ ဝန်ထမ်းများအားလုံး ပျာယာခတ်အောင်ပြင်ဆင်နေကြတယ်။
ဒီပွဲက ဘာပွဲလဲ.....

.
.
.

နံနက်..... ရှစ်နာရီတိတိ....
သက်တောင့်သက်သာဥယျာဥ်အတွင်းကို နောက်ဆုံးပေါ် အမျိုးအစား ကားတစ်စင်းမောင်းဝင်လာတယ်။
ကားကနက်စိုပြောင်လက်နေပြီး တစ်ကိုယ်ကောင်းဆန်တဲ့ကားတစ်စီးပဲ ဖြစ်တယ်။ ဘာကြောင့်ဆို စျေးကြီးပေးဝယ်ရပြီး မောင်းသူတစ်ဦးတည်းသာစီးလို့ရပြီး ခုံပိုတစ်လုံးမှ မပါတဲ့ကားအမျိုးအစားမို့ပါ။
ပြိုင်ကားပေါ့ကွယ်။
ကားကအနက်ရောင်ဖြစ်ပြီး လိမ္မော်ရောင်ကမ္ဘာသားတစ်ယောက်ဖြစ်တယ်ဆိုတာပြသဖို့ ကားဘီးတွေကတော့လိမ္မော်ရောင်ဖြစ်နေတယ်။

ကားပေါ်ကနေ နက်စိုပြောင်လက်နေတဲ့လည်သာရှူးဖိနပ်ကိုစီးထားသူတစ်ယောက်ဆင်းလာတယ်။
တစ်ကိုယ်လုံး အနက်ရောင်ဆင်မြန်းထားပြီး မဖြစ်မနေဝတ်ဆင်ရမဲ့လိမ္မော်ရောင်အတွက် လက်မှာလိမ္မော်ရောင်လက်ပတ်တစ်ခုကို ပတ်ထားတယ်။ ခြေအိတ်ကလဲ သေချာကြည့်ရင် လိမ္မော်ရောင်ပဲ။ ခေါင်းကဆံနွယ်တွေကြားမှာ လိမ္မော်ရောင် hightlight တစ်စဖောက်ထားသေးတယ်။
သူက..... ဒီပွဲကို ဦးဆောင်ကျင်းပရမည့်သူ။
VVIP တစ်ဦး....

Wattpatလောကမှ ဂြိုလ်သားများWhere stories live. Discover now