သက်တန့်မိုးကမ္ဘာ

256 20 10
                                    

လိမ္မော်ရောင်မြို့ရဲ့ကောင်းကင်ပြင်မှာ သက်တန့်အမိုးကြီး တရွေ့ရွေ့ပေါ်လာပါတယ်။
ဒါက ဘာကိုပြသနေတာလဲဆိုတော့ မိုးရွာတော့မယ်တဲ့။

ကျိကျိတက်တာကိုမှ တရော်ရည်ဖျော်လောင်းချထားသည့်နှယ် အလွန်အမင်းချမ်းသာသော လိမ္မော်ရောင်မြို့က တစ်မြို့လုံးကို သက်တန့်အမိုးကြီးမိုးထားပေးပါတယ်။ သက်တန့်အမိုးချိန်မှာလေထုက အသက်မပါသလိုအေးစက်နေတတ်ပါသေးတယ်။ ကောင်းကင်ကိုမော့်ကြည့်တဲ့အခါ သက်တန့်အမိုးကြီးမြင်နေရတာ လှပတဲ့မြင်ကွင်းလို့ထင်စရာတော့ရှိတယ်။ သို့သော် လိမ္မော်ရောင်မြို့သူမြို့သူများက သက်တန့်အမိုးကိုပိုင်ဆိုင်ထားပေမဲ့ အမြဲတော့ကွယ်ကာနေတာကိုမကြိုက်ကြပါဘူး။

သာယာတဲ့နေ့တွေဆိုရင် အပြာရောင်ကောင်းကင်နဲ့ အဖြူရောင်တိမ်တိုက်တွေကို လှပစွာမြင်တွေ့ရတတ်တာကြောင့် သက်တန့်အမိုးကိုသိမ်းထားပေးပါတယ်။
ထိုနေ့မျိုးတွေဆိုရင် လိမ္မော်ရောင်မြို့ရဲ့လေထုဟာ နှစ်သက်စရာကောင်းလောက်အောင် သန့်ရှင်းလတ်ဆတ်ပြီး လိမ္မော်ရောင်မြို့သူမြို့သားများရဲ့ သက်တမ်းကို အလိုအလျောက်တိုးစေပါတယ်။ ထိုလေထုက အသက်ရှည်စေတဲ့လေထုဖြစ်ပါတယ်။

ပန်းတွေဟာ အလှည့်ကျနဲ့အရောင်စုံပွင့်ဖူးပေးပြီး နေရာအနှံ့မှာ မြို့အနှံ့မှာ သင်းပျံ့မွှေးကြိုင်နေပါတယ်။
အဖြူရောင်ပန်းတွေပွင့်ချိန်ဟာ အာရုံတက်ဖြစ်ပြီး ပန်းရောင်ခြယ်ပန်းလေးတွေက အလင်းရောင်နဲ့အတူပွင့်ကြပါတယ်။ ဒီလိုပါပဲ... နေ့လည်ဘက်ကနေ ညအိပ်ရာဝင်ကြသည်အထိ ပန်းတွေဟာ တစ်ရောင်ပြီးတစ်ရောင် ဖူးပွင့်​ကြပါတယ်။
အရောင်တူ​သော်လည်း အမျိုးအစားမတူသော ပန်းလေးတွေ နှစ်သက်ကြည်နူးစရာကောင်းအောင် အတူဖူးပွင့်ခွင့်ရတာ လိမ္မော်ရောင်သီးသန့်နေရာလေးမှာပဲ ရှိပါတယ်တဲ့။

ရာသီဥတုဟာ အချိန်နာရီတွေအလိုက်ပြောင်းလဲတာတော့မဟုတ်ပါဘူး။ လိမ္မော်ရောင်မြို့ရဲ့ရာသီဥတုဟာ မြို့သူမြို့သားများရဲ့စိတ်ခံစားချက်အတိုင်း ပြောင်းလဲခြင်းဖြစ်ပါတယ်။ အဖြူရောင်တိမ်တိုက်နဲ့ ကောင်းကင်ပြာဟာ မြို့သူမြို့သားများ အေးချမ်းစွာနေထိုင်နေတဲ့အခါမှာ ဖြစ်တတ်ပါတယ်။

Wattpatလောကမှ ဂြိုလ်သားများOnde histórias criam vida. Descubra agora