နောက်ကျောကို ကုတ်တဲ့ကုတ်တံ

319 24 19
                                    


"ဟုတ်ကဲ့..... အားလုံးပဲ.... အစည်းအဝေးပြန်လည်စတင်ပါပြီ.... ''

ရုတ်တရက်ဆိုသလိုပဲ တီထွင်ရဲ့သြရှရှအသံက ထွက်လာတဲ့အခါ နှုတ်ခမ်းနီဆေးထပ်တင်နေတဲ့ ကမ္ဘာပတ်ကလေးကလန့်ပြီး လက်တွန့်သွားတာကြောင့် နှုတ်ခမ်းနီကလဲချော်ပြီး မေးဖျားကိုထိမိပါတော့တယ်။
ကမ္ဘာပတ်ရဲ့မျက်စောင်းဟာ တီထွင်ဆီကိုဖျက်ကနဲ ရောက်လာပါတယ်။
တကယ်တော့ သူတို့နှစ်ယောက်က မတည့်အတူနေ မမြင်ချောင်းကြည့် နှစ်ယောက်ပါ။
သူတို့နှစ်ယောက်တိတ်တခိုးတွဲနေတယ်ဆိုတဲ့သတင်းတွေကလဲ အတင်းလိုလိုဘာလိုလိုနဲ့ ထွက်နေတာကြာပါပြီ။ ခက်တာက မျိုးမတူလူသားနှစ်ယောက်တွဲကြဖို့ဆိုတာက ဒီလိမ္မော်ရောင်ရန်လိုကမ္ဘာမှာ ဘုရားအီးတုံးရှာရတာထက်ခက်တယ်။
ရှေးရိုးစွဲ Gay တွေ..... မိရိုးဖလာ Lisbian တွေကြောင့် လူယောကျားနဲ့လူမိန်းမဟာ ချစ်သူတွေဖြစ်သွားရင် ကဲ့ရဲ့ခံရမှာ... ဝေဖန်ခံရမှာ.... အသိုင်းအဝိုင်းရဲ့ဖယ်ကျဥ်​ခြင်းကို ခံရတော့မှာပါ။ အဆိုးဆုံးကတော့ လိ​မ္မော်ရောင်ရန်လိုမြို့ရဲ့ ဥပဒေပါပဲ။ ယောကျားနဲ့မိန်းမအတွဲတွေဟာ တရားဝင်လက်ထပ်ခွင့် မရကြပါဘူး။

"အခုဆက်လက်ဆွေးနွေးမှာက.....''

.
.
.

"ကိုယ်တို့ဖန်တီးမှုတွေဆိုတာ..... အခက်ခဲဆုံးပဲ.... ဒီလိုပြောလို့တော့.... မင်းတို့ရဲ့ ရပ်တည်မှုကိုလွယ်တယ်လို့မဆိုလိုဘူးနော်.... အင်း.... ဆက်ပြောပြရရင်.... OC ဖန်တီးတယ်ဆိုတာက..... နှလုံးသား.... ခံစားချက်.... ဦးနှောက်....တွေးတောနိုင်မှု.... ပညာ...စာဖတ်နာမှု... ဒါတွေအပြင်.... အနုပညာခံစားသက်ဝင်မှုတွေကလဲ လိုသေးတာ.....''

ခံစားသက်ဝင်သစ်သစ်လွင်ဟာ အနည်းငယ်ကြောင်စီစီနိုင်ပါတယ်။ သူက သူ့အထာကို သူကိုယ်ပိုင် ဖန်တီးထားသူပါ။ သူ့နေထိုင်ပုံနဲ့စကားပြောဆိုပုံဟာ ဘယ်သူနဲ့မှတူ​နေတာကို သူက လက်မခံချင်ပါဘူး။ ဒါကြောင့် သဘာဝလွန်တွေကစာရေးသားတဲ့အခါ ကိုယ်ပိုင် Universe ထောင်ထားသလိုမျိုး သူကလဲ သူ့နေထိုင်မှုစတိုင်ကို သူကိုယ်ပိုင်ဖန်တီးထားသူပါ။
လိမ္မော်ရောင်ကမ္ဘာမှာ ဘ​ယ်လိုမတရားမှုမျိုးပဲဖြစ်ပွားပါစေ.... သူဝင်ပြောခဲ ဖြေရှင်းခဲပါတယ်။
နောက်ဆုံး သူ့ပြသနာဖြစ်နေရင်တောင် သူဝင်ဖြေရှင်းပေးတာမရှိပါဘူး။ အဲ့လောက်ထိ သူက အထာရှိတာပါ။ မည်သို့ပင်ဖြစ်စေကားမူပေါ့ သူကဝင်မဖြေရှင်းရင်လဲ ကိုယ်စားဖြေရှင်းပေးမဲ့သူတွေ ဒုနဲ့ဒေးဆိုတော့လဲ သူနေစိမ့်နိုင်ခဲ့ပါသည်ပေါ့။

Wattpatလောကမှ ဂြိုလ်သားများNơi câu chuyện tồn tại. Hãy khám phá bây giờ