part.20

1.7K 160 6
                                    

ညနေစာ ထမင်းစားပြီး၍ ခဏမျှနားနေကြသောအချိန်ဖြစ်သည်။ထိုင်ခုံတစ်ခုဆီမှာထိုင်နေတဲ့ လူလေးယောက်ဆီမှ အသံတို့ဟာလည်း တိတ်ဆိတ်လျက်ရှိသည်။တစ်ယောက်ချင်းဆီက ကိုယ့်အတွေးနဲ့ကိုယ် ဖြစ်နေကြသည်သောကြောင့် တိတ်ဆိတ်နေကြချင်းပင်။ထိုသို့တိတ်ဆိတ်နေသော အခြေအနေကို ခင်ကဖြိုခွဲလိုက်လေသည်။

"ကျွန်မတစ်ခုလောက်ပြောလို့ရမလားဟင် "

"ဟုတ်ကဲ့ ပြောလေ မမမြ။"

"အဆင်ပြေမယ်ဆို ရန်ကုန်က ကျွန်မအိမ်မှာဘဲ နေလိုက်ကြပါလားဟင် အခုဖြစ်သွားတဲ့ကိစ္စကလဲ ကျွန်မနဲ့လဲမကင်းဘူးမလား ကျွန်မတာဝန်ယူပါရစေ။"

ခင်ပြောသည်ကို ကျွန်မသဘောတူသဖြင့်ဝင်ထောက်ခံလိုက်သည်။နေဖို့ထိုင်ဖို့မစီစဉ်ရသေးတဲ့အချိန်မှာ ခင့်ဆီမှာလိုက်နေလိုက်တာဟာ အကောင်းဆုံးဖြစ်မည်ဟု ကျွန်မတွေးမိသည်။

"ကောင်းသားဘဲ တီလေးရဲ့ ။ခင်..အဲ ဆရာမဆီမှာ နေလိုက်ကြရအောင်လား။"

"အဆင်ပြေပါ့မလား မမမြရဲ့ ကျွန်မအားနာ…"

"အို မဟုတ်တာ ကျွန်မကသာအားနာရမှာပါ ကျွန်မဒီကိစ္စကိုပြောမယ် ပြောမယ်နဲ့ ညီမကို အားနာနေတာနဲ့ မပြောခဲ့မိတာ"

"ဒါဆိုလဲ မမမြအိမ်မှာဘဲ ကျွန်မတို့ကိုနေခွင့်ပေးပါနော်"

"အစကတည်းက ခွင့်ပြုပြီးသားပါညီမရယ် "

"ဒါဆို အဆင်ပြေပြီပေါ့နော်။ဟူး…ငယ်လေးတို့က စိတ်ပူနေတာ တီလေးကိုကြည့်ရတာ အရင်ထက်မလန်းတော့လို့လေ ပိုပြီးလည်း အိုစာလာတယ်…"

"ဟဲ့…"

"အား…ခင်ရေ ကယ်ပါဦး "
ခေါင်းခေါက်ရန်လက်လှမ်းနေပြီဖြစ်တဲ့တီလေးဘေးကနေပြေးကာ ဆရာမရင်ခွင်ထဲသို့ ဝင်၍ဖက်ထားလိုက်သည်။ခင်ရှိရင်တီလေးက ကျွန်မကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူးလေ။

"အားကိုးဆီပြေးတယ်ပေါ့လေ အေးတွေ့မယ် "

ကျွန်မကလျှာထုတ်ပြောင်တော့ တီလေးဒေါသ ငယ်ထိပ်တတ်လာတာပေါ့။

"တီလေး ဒေါသလေးကိုလျော့ မဟုတ်ရင် ပိုအိုစာလာမယ်"

"နင်တော့လား…"

Until then (Uni+Zawgyi)Where stories live. Discover now