Part.22

1.7K 160 21
                                    

"ပြောချင်ရင်တည့်တည့်ပြော ရွဲ့သလိုမဲ့သလိုနဲ့ပြောမနေနဲ့ နင်ပြောသလို နင်ကယောကျာ်းဆိုရင်ပေါ့"

"မလောက်လေး မလောက်စားဟာမကများ "

"နင်သာတကယ်သတ္တိရှိတယ်ဆို ငါရှေ့မှာ တည့်တည့်ရပ်ပြီးပြောလိုက်စမ်းပါ"

"ဟ…နင်သာ သတ္တိရှိရင် ငါရှေ့လာခဲ့"

"အဲ့တာငါ့စကားနော် ဘာလဲ သူများပြောပြီးသားစကားကို လိုက်ပြောရတာသိပ်ကြိုက်နေပေါ့"
မိငယ် ဒေါသထွက်စိတ်ဆိုးပြီဆို ဘယ်သူမှထိန်းမရတာအမှန်ပါ။ဟိုကောင်တော့ အလုပ်ခံရတော့မှာ ကျွန်မ အတတ်သိနေသည်။ကျွန်မလည်းဝင်မဆွဲရဲ။
ဆရာမ…ဟုတ်တယ် ဆရာမကိုသွားခေါ်ရမယ်

"ဆရာမကြီး ခဏလေးနော် သမီး ဆရာမကိုပြေးခေါ်လိုက်ဦးမယ် မိငယ်ဒေါသထွက်ရင် သမီးတို့လဲ ဝင်မဆွဲရဲဘူး သူကအရမ်းဒေါသကြီးတာ "

"အေးသမီး မြန်မြန်လေးသွားခေါ်နော်"

"ဟုတ်ကဲ့ ဆရာမကြီးလည်း သူ့ကိုရသလောက်ထိန်းပေးထားပါနော်"
သမီးဖြိုးကို ခေါင်းသာညိမ့်ပြလိုက်နိုင်တော့သည်။
ခင့်ရှေ့က မောင်နှင့်ထိုကျောင်းသားလေးရဲ့ရန်ပွဲကို ကြည့်ပြီး ခင်အလွန် မွန်းကြပ်နေသလို ခံစားလာရတယ်။

__________
"ဆရာမ…ဆရာမဒေါ်ချစ်ခွန်းသာကို ဘယ်နားမှာတွေ့မိသေးလဲဟင်"

"၉တန်းဆောင်ဘက်မှာ ထင်တယ် သူဒီဘက်ပြန်ကူးမလာသေးဘူး သမီးရဲ့"

"ဟုတ်ကဲ့ ကျေးဇူးပါနော်ဆရာမ"
ထိုဆရာမကိုနှုတ်ဆက်ပြီး သူမရှိရာ အမြန်ဆုံးနဲ့ပြေးလာခဲ့လိုက်တယ်။အောက်ထပ်တစ်ဆောင်လုံးရှာပြီးတာတောင် မတွေ့တာနဲ့ အပေါ်ထပ်တတ်ရှာမှ တွေ့တော့သည်

"ဆရာမ…ဆရာမ"

"သမီး ဘာဖြစ်လာတာလဲ "

"ဟိုမှာ ဟိုမှာ မိငယ် ရန်ဖြစ်နေလို့"

"ဘယ်လိုဖြစ်လို့ငယ်လေးက ရန်ဖြစ်ရတာလဲ"

"ကျောင်းသားတစ်ယောက်က ဆရာမကြီးကို သူ့မျက်စိရှေ့တင် တွန်းလိုက်လို့ အဲ့တာ…အဲ့တာ
အခုတောင်ရန်ပွဲမငြိမ်းသေးဘူး ဆရာမရဲ့သမီးလည်းမဆွဲရဲလို့ မိငယ်ကိုလိုက်ထိန်းပေးဖို့ဆရာမကိုလာခေါ်တာ"

Until then (Uni+Zawgyi)Where stories live. Discover now