part.28

1.7K 157 22
                                    

"ခင့် အိမ်ကအကြီးကြီးဘဲနော် ပိုက်ဆံတွေအများကြီးကုန်မှာဘဲ"
ကျွန်မဒီလိုပြောတော့ ခင်က ခပ်ဟဟပြုံး၍ပြောသည်။

"အနောက်ဘက်ခြမ်းသွားမလား မောင့်ကိုပြစရာရှိတယ်"

"ဟုတ်"

ခင့်ခေါ်ဆောင်ရာနောက်ကို လိုက်သွားရင်း အိမ်နောက်ဘက်ခြမ်းသို့ရောက်လာခဲ့တယ်။
ထိုအနောက်ကမြင်ကွင်းကိုမြင်လိုက်ရသည့်တခဏ မှင်သက်သွားခဲ့တယ်။

"ဘယ်လိုလည်း...လှတယ်မဟုတ်လားဟင်"

"လှတာတော့လှပါတယ်"

"ဟင်..မောင်ကလည်း လှရင်လည်းလှတယ်ပြောပေါ့
ဘာကြီးလဲ လှတော့လှပါတယ်က"
နှုတ်ခမ်းလေးစူကာ ပြန်ပြောနေသည့်ခင့်ရဲ့ပုံစံဟာ အရွယ်နဲ့မလိုက်အောင် ကလေးဆန်လွန်းလှသည်။

"လှတော့လှပါတယ် ဒါပေမယ့် ခင့်ရဲ့အလှကိုတော့ ဘယ်မှီလိမ့်မလဲ"
လိမ်ညာခြင်းလည်းမဟုတ်ပါ။ဥယျာဥ်ကလှသည်မှန်သော်လည်း ခင့်အလှကိုတော့ မှီမယ်မထင်။

"အာ...မောင်ကလည်း "

"မောင့်အတွက်တော့ ခင်ဟာ ကမ္ဘာပေါ်မှာ အလှဆုံးနဲ့ကျက်သရေအရှိဆုံး၊အမြတ်နိုးရဆုံး အမျိုးသမီး
တစ်ဦးဘဲ"

"စကားတွေကလည်း တတ်လိုက်တာကွယ်
ဒီကလေးဆိုးကြီးကို ဘယ်နားသွားဖွက်ထားရပါ့"

"ချစ်ရလွန်းလို့ပါ မောင့်ရဲ့အမျိုးသမီးလေးရယ်"

"မောင်ရယ် အဲ့လိုမခေါ်ပါနဲ့ ခင်အသဲယားလို့ကွယ်"

"ခေါ်မှာဘဲ ခေါ်မှာဘဲ
မောင့်ရဲ့အမျိုးသမီးလေးရေ"

"မောင်နော် မခေါ်နဲ့ဆို"

"ခေါ်မှာဘဲ
အမျိုးသမီးလေးရေ"

"မောင်ရေ.....
ကဲကွယ် တားမရလည်းခေါ် ခင်လည်းပြန်ခေါ်မှာ"

"ဘယ်လိုခေါ်မှာလဲ"

"ယောကျာ်းရေလို့ပြန်ခေါ်မှာ"

"အယ် ဘယ်လိုခေါ်မှာ"

"ယောကျာ်းရေလို့ဆို"

"ကြားရတာ နားအရသာရှိနေရော"

"ခင်က နှစ်ခါနာကြီး မခေါ်တော့ဘူးကွာ
သူစိတ်ဆိုးမလားလို့ ခေါ်တာကို သဘောကျနေရတယ်လို့"

Until then (Uni+Zawgyi)Where stories live. Discover now