(Unicode)
"ဦး ထယ်ထယ့်ကို ဖိနပ်ကြိုးလေးချည်ပေးပါလားထယ်မချည်တက်လို့ "
မင်ဆိုဟီးကိုရှေ့မှာထားပြီး သူနဲ့စေ့စပ်ထားတဲ့ဘဲဖြစ်သူကိုဦးဦးဖျားဖျားခိုင်းစားတာမြင်ရလျှင် ဆိုဟီးမျက်နှာတစ်ခုလုံးရေနွေးအိုဆူနေသလိုနီရဲတက်လာသည်။
" ဦးရေ~~ချည်ပေးမယ်မလားဟင်ထယ်ထယ်ကမလုပ်တက်လို့ပါ "
ကင်ထယ်ယောင်းရဲ့ ချစ်ဖို့ကောင်းမှု့တွေမှာမနေနိုင်တော့တဲ့သူ့ဦးဂျွန်ကတော့ ချက်ခြင်းပဲဒူးတစ်ဖက်ထောက်လိုက်ကာ ဖိနပ်ကြိုးကိုသေချာချည်ပေးနေချိန်
အပေါ်တွင်မျက်လုံးချင်းစစ်တိုက်နေသော ဆိုဟီးနဲ့ ထယ်ယောင်း
အဟင်း...နင်တို့မိန်းမတွေပဲ မာယာများတက်တယ်လို့ထင်နေတာလား။
မိန်းမမာယာသည်းကိုးဖြာဘဲရှိတယ်ဆိုတာ ယောကျာ်လေးတွေ ရဲ့မာယာကို စာမဖွဲ့နိုင်သေးလို့ဆိုတာသိခဲ့သင့်တာကို ကျွတ်စ် ။
ဒီခေတ်ကပိုင်ရှင်ရှိလဲလျှင်သူစားကျေးပဲ... ရည်းစားလေ မိန်းမ မှမဟုတ်တာ။
စနှိုက်ကျော်တာမဟုတ်ဘူး လိုချင်တာကိုရအောင်ယူတာသဘောပေါက်အဒေါ်ကြီး
ကင်ထယ်ယောင်းရဲ့ မဲ့ ပြုံးအားနားလည်သဘောက်ပေါက်သော ဆိုဟီးကလည်း ဒေါသထွက်ရလွန်းလို့မျက်နှာကြီးပေါက်ထွက်မတက်
ဟားးး ။ဒီကောင် ငါ့ကိုဘာအကြည့်မျိုးနဲ့ကြည့်နေတာလဲ
နင့်လင်ကိုနင့်ရှေ့မှာပဲ စနှိုက်ကျော် ပြမယ်ဆိုတဲ့အကြည့်နဲ့ အားးးဒေါ သထွက်လိုက်တာ ။
"ပြီးပြီ ထယ်...ကလေးကျနေရောဘဲ ဖိနပ်ကြိုးတောင်မချည်တက်ဘူးကွာ "
အသည်းယားစွာဖြင့်ကင်ထယ်ယောင်းရဲ့ပါးနှစ်ဖက်ကိုဖျစ်ကာ ရည်းစားဖြစ်သူရှေ့ခွေးစာကျွေးနေတဲ့ဘဲကြောင့် ဆိုဟီးသရုပ်မှန်တွေကပေါ်ထွက်လာလေပြီ
"ဘာကလေးလဲ စောက်သုံးမကျမကျဘူးပေါ့ ယောကျာ်းဖြစ်ပြီးဖိနပ်ကြိုးတောင်မချည်တက်ဘူး"
ဒေါသကိုမထိန်းနိုင်တော့တဲ့ဆိုဟီးက လူကြီးလူကောင်းမဆန်တဲ့အပြုအမူကိုပြုလျှင် ဂျွန်ဂျောင်ကုနှခေါင်းရှံ့သွားရသည်။ သူနဲ့စေ့စပ်ထားတဲ့အမျိုးသမီးဟာဒီလိုအကျင့်စရိုက်မျိုးဖြစ်နေသည်တဲ့လား။
YOU ARE READING
𝘔 𝘈 𝘙 𝘈
Fanfictionဒီခေတ်ကပိုင်ရှင်ရှိလဲလျှင်သူစားကြေးပဲရည်းစားလေ မိန်းမ မှမဟုတ်တာ ။ Kim Tae Hyung ဒီခေတ်ကပိုင်ရှင်ရှိလဲလျှင်သူစားကျေးပဲ... ရည်းစားလေ မိန်းမ မှမဟုတ်တာ ။ Kim Tae Hyung