Mara-8

1.8K 226 29
                                    

"အားရှ်..ပင်ပန်းလိုက်တာ "

ရေချိုးခန်းကနေခေါင်းရေစက်လက်နဲ့ထွက်လာတဲ့Taehyung အကျီပင်မလဲနိုင်လောက်အောင်ပင်ပန်းနေတာကြောင့် အိပ်ယာပေါ်ကိုထိုအတိုင်းပင်ပြစ်လှဲလိုက်သည်။

ထိုအချိန်အိပ်ယာအဖြူကြီးကနေမျက်နှာကျက်ဖြူဖြူစီအကြည့်ရောက်မိကာဝတ်ထားတဲ့bathrbe ကြိုးကလည်းလျော့တိလျော့ရဲ

ခပ်ဖွေးဖွေးရင်ဘတ်ကတော့တားမရဆီးမရစွာပေါ်နေပြီးအရင်ကခပ်ဖွာဖွာဆံနွယ်တွေကရေမခြောက်သေး၍မျက်နှာနုနုမှာအချောင်းလိုက်ဝဲကျနေသည်

ဤသို့နှခေါင်းသွေးလျှံစရာအသားရည်ဝင်းဝင်းကမီးရောင်အောက်မှာထင်ရှားနေချိန် သရဲကားထဲရုတ်တရက်ရောက်သွားသလိုအခန်းမီးကတဖျတ်ဖျတ်ဖြစ်လာသည်။

" ​စောက်ပေါမလုပ်နဲ့စောစောကအကောင်းကြီးကိုအခုမှမီးလုံးကဘာထဖြစ်တာလဲ "

ခေါင်းကိုရေသုတ်ဖို့ပင်ပျင်းတဲ့သူ့ကို တဖျတ်ဖျတ်နဲ့မှိတ်လိုက်ဖွင့်လိုက်ဖြစ်နေတဲ့အခန်းမီးကကျီစားလေပြီ။

Taehyungရေချိုးနေတုံးကတောင်အကောင်းကြီးရှိနေတဲ့ထိုမီးလုံးက အကျီလဲဝတ်ပြီးကောမီးပါထကျွမ်းသွားတော့သည်

ထင်တယ် မနက်စောစောMin Soheeမျက်နှာမြင်လိုက်ရကတည်းကလာဘ်ပိတ်တော့မယ်ဆိုတာကို။

တကယ့်ကိုUnlucky dayဘဲ ။

"ဟင်း...မီးလုံးအသစ်လဲရတော့မယ် "

စိတ်ပျက်စွာဘဲ​ရေဆိုနေတဲ့ဆံပင်တွေကိုဆွဲဖွလိုက်ရင်း အံဆွဲတစ်ခုချင်းဆီကိုမျက်စိမူးသည်အထိမီးလုံးရှာဖွေရသည်

သောက်ကျိုးနည်းမီးလုံးက ဟိုစုန်းအိုမကြီးနဲ့ဘာတော်လဲမသိ အတော်လေးကိုအပုန်းကောင်းပြီးလူကိုရှာမတွေ့အောင်ဒုခပေးလှသည် အရင်ကဆိုထိုမီးလုံးအပိုကိုမတွေ့ချင်မှအဆုံးအံဆွဲဖွင့်လိုက်တာနဲ့မလိုချင်လောက်အောင်တွေ့နေသည်ကိုး

"မင်းကဒီမှာကိုငါမျက်စိမူးအောင်ရှာတဲ့အချိန်ကျမတွေ့တော့ဘူး!"

မီးလုံးလဲရမှာမလို့ သူ့ထက်ပိုမြင့်နေရာကိုရောက်အောင်ခုံခုလိုက်ရင်း မီးပြင်သမားဘဝကိုခနရောက်သွားသည်။

 𝘔 𝘈 𝘙 𝘈 Where stories live. Discover now