Mara - 1

3.4K 369 61
                                    

ခပ်ငယ်ငယ် ကလေးတွေအတွက်ပျော်ရွှင်စရာမျိုးမရှိလောက်သည့်နေရာ။ ဆေးရုံရဲ့အနံ့ဟာလဲ စိတ်အလိုမကျစရာကောင်းနေလိမ့်မည်

သားဖွားမီးရပ်ဌာနဖြစ်သည့်အလျှောက် ကလေးငိုသံတစ်ချို့ကိုလဲကြားနိုင်သေးသည်။ Kim Youngmiကတော့ထိုအရာတွေအပေါ်စိတ်ပျက်ခြင်းအပြည့်နဲ့မသာမယာသောမျက်နှာဟာ တစ်စုံတစ်ခုကိုအလိုမကျမှု့ကြောင့်တွန့်ချိုးနေသည်။

သူမရဲ့လက်တစ်ဖက်ကလည်း ခပ်သေးသေးလက်ဖဝါးလေားကိုစုပ်ကိုင်ရင်း စိတ်မချမ်းမြေ့နေပုံကပေါ်လွင်စွာပင်
.
.
" Melanocyte လို့ခေါ်တဲ့ရှားပါးရောဂါတစ်မျိုးပါ ။ စိတ်မကောင်းစရာပါဘဲ ကလေးမရနိုင်ပါဘူး Mrs.Kim"

ပါရဂူကြီးရဲ့အဖြေဟာ သူမမျှော်လင့်ခဲ့သလိုမဟုတ်လျှင်ရင်ဖြေဖျောက်ဖို့ရာအားပင်မရှိတော့ ။

လုပ်ပိုင်ခွင့်တွေ အများကြီးရှိပါလျှက်နဲ့သူမကထိုအရာအပေါ်လက်လျော့ရမည်တဲ့လား ။ သူမခင်ပွန်းသည်တောင်ဒါကိုလက်ခံမှာမဟုတ်ဘူး ။

ခနတာ ဒေါသကိုမထိန်းချုပ်နိုင်တဲ့အခါ Youngmiဆုပ်ကိုင်ထားတဲ့လက်သေးသေးလေးတွေကိုပင်မေ့လျော့ကာကျစ်ကျစ်ဆုပ်ထားမိတယ် ။ သူမအောက်မှအသံသေးသေးလေးထွက်လာကာမှ Tae Babyလေးရှိနေမှန်းသတိဝင်တော့သည်။

" အိုး...Baby အရမ်းနာသွားလားမာမီ သတိလွတ်သွားတယ်။
Sorryပါကလေးရယ် သိပ်နာသွားမှာဘဲ "

သွေးနှောမဟုတ်ဘဲ ကိုရီးယားစစ်Tae Babyလေးက စိမ်းပြာရောင်မျက်ဝန်းလှလှလေးတွေရှိတဲ့ထူးဆန်းတဲ့ကောင်ငယ်လေး

အစိမ်းရောင်ဖျော့ဖျော့မျက်ဝန်းတွေကိုသေချာငေးကြည့်မယ်ဆိုရင် အပြာရောင်ပါရောယှက်နေကြောင်းသိနိုင်လိမ့်မည်။

သိပ်လှတဲ့ထိုမျက်လုံးလှလှလေးဟာ နီရဲနေတဲ့လက်သေးသေးဆီက နာကျင်မှု့ကြောင့်မျက်ရည်ဝဲခဲ့ပါလျှင် မျက်စိပင်မလွှဲနိုင်လောက်တဲ့အထိလှသည်။

Youngmi ခင်ဗျာ သူမလက်ချက်ကြောင့်နီရဲနေတဲ့လက်လေးကိုနမ်းရင်း မျက်ရည်ဝဲနေတဲ့ အစိမ်းရောင်မျက်လုံးအိမ်လေးကိုပါဖိနမ်းလိုက်သည်။ သူ့မရဲ့သား Tae Baby လေးကသိပ်လှတာဘဲ။

 𝘔 𝘈 𝘙 𝘈 Where stories live. Discover now