Part...5

7.6K 689 46
                                    

ဟွားရန်း ကလေးတွေကို ကြည့်ရင်း သူမြင်ခဲ့တဲ့ အနာဂတ်ရဲ့ ပုံရိပ်တစ်ချို့ကို ပြန်မြင်ယောင်လာခဲ့တယ်။ပုံရိပ်တွေဟာ တစ်စွန်းတစ်စ နဲ့မို့ ဘာမှ ဆက်ဆက်ကြည့်လို့မရသေးပေ။

"ကျမတို့ ပွဲနေ့ကျမှ ပြန်တွေ့ကြတာပေါ့...အခုပြန်လိုက်ပါအုံးမယ်"

ဝမ်ကျောက်ဟူ မက်တပ်ထရပ်ကာ ရှန်းယမ် နဲ့အတူ ခြံဝန်းတံခါးဝ အထိ ဟွာရန်းကို လိုက်ပို့လိုက်တယ်။

ဧည့်သည်ကို လိုက်ပို့တဲ့ ပါးပါးနဲ့ မားမားနောင်ကို ရိပေါ်  ပြောစရာရှိတာမို့ လိုက်သွားလိုက်တယ်။သူ့အနားမှာ အဖြူရောင်လေးကို တကယ်ရှိစေချင်ပြီ။ရိပေါ် ခြံဝန်းထဲ လမ်းလျှောက်ပြန်လာတဲ့ ပါးပါး နဲ့ မားမားအနားကို အမြန်ပြေးကပ်ရတယ်။

"ပါး နဲ့ မား...သား ပြောစရာရှိလို့"

"ဟေ...ဘာတုန်းသားရဲ့ အိမ်ထဲရောက်မှ ပြောရတာကို"

"အိမ်ထဲ တခြားလူတွေရှိနေတာမို့ "

"​ဒါဆိုပြောလေသား...ဘာကိစ္စမို့လဲ"

"ဟို...သားရဲ့ လက်တွဲဖော်ကို ဦးရှောင်းချူးရန် ရဲ့သား ရှောင်းကျိုးရွယ်နဲ့ သဘောတူပေးပါ"

"Beta ကောင်လေး ရှောင်းကျိုးရွယ် ဆိုတာလား"

"ဟုတ်တယ်ပါး"

"ခုနက ပါးပါး မျိုးနွယ်စုရှေ့မှာ ဘာပြောလိုက်လဲ သား မကြားလိုက်လို့လား"

"ငါ့သားမှာ ကံကြမ္မာကသတ်မှတ်ထားတဲ့ Mate ရှိပြီးသား သူ့ကိုပဲရွေးချယ်ရမယ်သား"

"ဟာ...ပါးပါး ဘာကံကြမ္မာ mate လည်း အဲ့ mate လည်း သားမသိဘူး...သားသိတာ သား ချစ်တဲ့သူနဲ့ပဲလက်တွဲချင်တယ်"

ဝမ်ရိပေါ်!!!!

ဝမ်ကျောက်ဟူ ကံကြမ္မာကသတ်မှတ်ထားတဲ့ ကိစ္စကို စော်ကားနေတဲ့ သားရဲ့စကားတွေကို စိတ်တိုလာတာကြောင့် ဒေါသတကြီးအော်လိုက်မိတယ်။

သားဖနှစ်ယောက် မျက်နှာချင်းဆိုင် ရပ်ပြီး  အချင်းများတော့မှာမို့ ရှန်းယမ် အကို လက်နဲ့ဆုတ်ကိုင်လိုက်တယ်။

"အကို...စိတ်လျှော့ပါအုံး ။ သား ကိုအေးဆေးရှင်းပြလို့ရပါတယ်။ အိမ်ထဲမှာ အကြီးအကဲတွေရော သူတို့ မိသားစုဝင်တွေပါ ရှိနေသေးတယ်လေ"

««𝐌𝐲 𝐑𝐨𝐲𝐚𝐥 𝐀𝐥𝐩𝐡𝐚»» [Complete]Where stories live. Discover now