Part...25

10.3K 806 56
                                    

ရိပေါ် ကုတင်းဘေး ဒူးထောက်နေရင်း သေးသွယ်တဲ့ ခါးလေးထက်နားက အမာရွတ်ဟောင်းဒဏ်ရာလေးကို တယုတယ မျက်လုံးကိုမှိတ်ပြီး မြတ်နိုးစွာနမ်းရှိုက်လိုက်တယ်။

"ဘယ်နေရာတွေကစပြီး လွဲမှားသွားခဲ့တာလဲ။"

ဒူးထောက်နေရာကနေ ပြန်ထကာ ကိုင်ဆုတ်ထားတဲ့ သက်တံ့ရောင် ကျောက်ဆူးဆွဲကြိုးလေးက သူ့ရဲ့လက်ထဲမှာ တစ်လက်လက်။ သက်တံ့ရောင်ကျောက်တုံးလေးကို အနမ်းတစ်ပွင့်ပေးပြီး ဝမ်လျားမှောက်ကာ သတိမလည်လာသေးတဲ့ ချစ်သောရဲ့ လည်ပင်းထက်ကို ချိတ်တွယ်ပေးလိုက်သည်။မောင့်နှလုံးသားကို မောင်ကိုယ်တိုင် မျက်ကွယ်ပြုမိခဲ့တယ်။ မောင် သိပ်မှားခဲ့တယ် ချစ်သော။

သူဆင်မြန်းပေးတဲ့ ဆွဲကြိုးလေးနဲ့အတူ ပလာစတာအကြီးတစ်ခုကပ်ထားတဲ့ လည်ပင်းတစ်ဝိုက်အနားကို ရိပေါ် သူရဲ့ခန္ဓာကိုယ်ကိုကုန်းပြီး ထပ်ကာ အနမ်းပေးလိုက်တယ်။

"ချစ်သော အမြန်သတိရလာဖို့ မောင်မျှော်လင့်နေပေမယ့် သတိပြန်လည်လာခဲ့ရင် မောင့်ရဲ့ချစ်သောကို မောင်ဘယ်လိုရင်ဆိုင်ရမလဲ။"

ရိပေါ် အနမ်းပေးကာ ခြုံပုဝါထည်ကို လွှမ်းခြုံပေးပြီး ပြန်လှည့်ထွက်ဖို့ ခန္ဓာကိုယ်အလှည့် ဆွဲကိုင်ခံလိုက်ရတဲ့ သူ့ရဲ့လက်ကောက်ဝတ်။ တောင့်ခဲသွားတဲ့ ရိပေါ်ရဲ့ ခန္ဓာကိုယ်က အောက်ကိုမငုံ့ကြည့်နိုင်ပဲ ရှေ့တည့်တည့်ကိုသာ အကြည့်ပို့ထားမိတယ်။

"ရေ...ရေ...ပေးပါ။ ပူ...ပူတယ်"

အက်ကွဲစွာထွက်လာတဲ့ ညင်းသွဲ့သွဲ့အသံလေးနောက်မှာ ရိပေါ်ခြေလမ်းတွေက လှုပ်ရှားသွားရင်း စားပွဲပေါ်က ရေဘူးကိုလှမ်းယူကာ ဘေးကချထားတဲ့ ဖန်ခွက်လေးထဲထည့်လိုက်မိတယ်။ရေထည့်ထားတဲ့ ဖန်ခွက်လေးကိုင်ကာ ကုတင်ပေါ်ကလွှတ်နေတဲ့နေရာဘေးကပ်ထိုင်ရင်း မှောက်အိပ်နေတဲ့ခန္ဓာကိုယ်လေးရဲ့ ပုခုံးတစ်ဖက်ကို ဆုတ်ကိုင်လှည့်လိုက်တယ်။

သူ့ဆွဲယူတဲ့အတိုင်းပါလာတဲ့ ကိုယ်လေးက ငုတ်တုတ်ထထိုင်လာကာ သူ့ကိုစိုက်ကြည့်နေပြန်တယ်။ နီရဲနေတဲ့ မျက်နှာသွင်ပြင်လေးကြောင့် အဖျားရှိန်​များရှိနေသလား ထင်မိကာ ချစ်သောရဲ့ နဖူးပေါ် ရိပေါ်လက်ဖမိုးလေးက မဆိုင်းမတွ ထပ်ကာအုပ်တင်မိတယ်။

««𝐌𝐲 𝐑𝐨𝐲𝐚𝐥 𝐀𝐥𝐩𝐡𝐚»» [Complete]Where stories live. Discover now