Part...20

8.9K 702 27
                                    

"အဟွတ်!!....ဖူးး!!"

ဖီးလစ် သူ့ရဲ့ အစီအရင် ခန်းထဲမှာ ကျင့်ကြံနေတုန်း ရုတ်တရက်ကြီး ကိုယ်တွင်းကနေ အပူလှိုင်းကြီးလိုမျိုး လည်ချောင်းကနေဆန်တက်လာကာ ညှီစို့စို့ အမဲရောင်အရည်တွေက အပြင်ဘက်ကို ပွင့်အန်ထွက်လာခဲ့တယ်။

နှုတ်ခမ်းတစ်ဝိုက်က ပေကျန်နေတဲ့ အမဲရောင်အရည်တစ်ချို့ကို ဖီးလစ် သူ့ရဲ့ လက်ကြမ်းကြမ်းကြီးနဲ့ ဆွဲကာ သုတ်လိုက်တယ်။ နီရဲနေတဲ့ မျက်ဝန်းအိမ်ကလည်း ဒီဖြစ်ရပ်ကို မယုံကြည်နိုင် နားမလည်နိုင်။

"ငါ့ရဲ့ အောက်လမ်းမှော်အတက်ကို ပြန်လည်လည်တွန်းကန်နိုင်တာ တစ်ခုထဲတော့မဖြစ်နိုင်ဘူး...ဘယ်လိုစွမ်းအားပေါင်းစည်းခြင်း မျိုးလဲ"

တောက်စ်!!!

ထုံးဖြူပမာ ဖြူစွတ်နေတဲ့အသားအရည်ရှိတဲ့ Vampireတို့ရဲ့ခေါင်းဆောင် ဖီးလစ်က သူ့ရဲ့ကြီးမားတဲ့ မေးရိုးကြောကြီးများကို လှုပ်ရှားကာ ခပ်ပြင်းလေးတောက် တစ်ချက်ခေါက်လိုက်တယ်။

ဖီးလစ် တစ်ယောက် သူ့ရဲ့ အစီအရင်ခန်းထဲက များစွာသောလှောင်ချိုင့်တွေထဲမှာရှိတဲ့ မိန်းမပျို ပေါင်းများစွာကို ဝေ့ဝဲကာ ကြည့်လိုက်တယ်။ ပါးစပ်ကို အဝတ်စဖြင့်ပိတ်ထားကာ လက်တွေကိုပါ ကြိုးချည်ခံထားရတဲ့ မိန်းကလေးတစ်ဦးဆီကို တစ်စက္ကန့်မျှသာ အချိန်တိုအတွင်းမှာပဲ လျင်မြန်စွာ ထိုမိန်းကလေးရှိတဲ့ လှောင်အိမ်နားသွားလိုက်တယ်။

ပွင့်အန်ထုတ်လိုက်လို့ လျှော့ကျသွားတဲ့ သူရဲ့စွမ်းအားတွေကို ပြန်လည်ဖြည့်တင်းဖို့လိုလာပြီ။ လှောင်အိမ်တံခါးရှိ တုတ်နှောင်ထားတဲ့ သံကြိုးထုံးကြီးကို ဖီးလစ ရဲ့အကြည့်တစ်ချက်မှာတင် ထိုသံကြိုးထုံးကြီးက ကြမ်းပြင်ပေါ်ပျက်ကျသွားခဲ့သည်။

ကြောက်ရွံတုန်လှုပ်နေတဲ့ ထိုမိန်းကလေးကို စိတ်မရှည်စွာ ဆွဲယူပြီး ချက်ချင်းဆိုသလို လက်တစ်ဖက်က ပခုံးကို ကိုင်ကာ နေညက်လက်တစ်ဖက်က မိန်းကလေး၏ လည်ပင်းကိုဘေးဘက်စောင်ူခိလိုက်တယ်။ ပေါ်လွင်ထင်ရှားလာတဲ့ ပင်မလည်ချောင်းရိုးဆီ တိုးကပ်သွားလိုက်တဲ့အချိန်မှာပင် သူ့လက်ထဲက မိန်းကလေးရဲ့ ပျော့ခွေကျလာတဲ့ ခန္ဓာက်ုယ်နဲ့အနူ လည်ပင်းကအပေါက်နှစ်ပေါက်ဆီမှလည်း ကျန်ရှိနေတဲ့ ရဲရဲနီခပ်ပျစ်ပျစ်သွေးများက အဆက်မပျက်စီးကြနေတယ်။

««𝐌𝐲 𝐑𝐨𝐲𝐚𝐥 𝐀𝐥𝐩𝐡𝐚»» [Complete]Donde viven las historias. Descúbrelo ahora