''ထတော့ ထတော့ Rebecca!! ဒီနေ့က ငါတို့ တိရစ္ဆာန်ရုံသွားရမယ့်နေလေ~''
ကျောင်းသူလေးနှစ်ယောက်က Rebecca ကိုလာနိုးတော့ သူမကလည်း ''အင်း 5မိနစ်ဘဲစောင့် ခဏနေလာခဲ့မယ်'' လို့ အလိုက်တစ်သင့်လေးဘဲပြောလိုက်ပေမယ့်လည်း သူမစိတ်ထဲမှာတော့ သိပ်နားမလည်သေးဘူး။
[T/N အခုကစပြီး သီရိမြတ်မွန်ကို Rebecca လို့ဘဲသုံးတော့ပါမယ်နော်)
သူမကပြောတော့ ကျောင်းသူလေးနှစ်ယောက်ကလည်း ခြံရှေ့က Bus ကားနားမှာရပ်စောင့်ပေးနေကြတယ်။
[Orson Orson!!]
[သခင်က ကျွန်တော့ကိုခေါ်ပြီးဘာလုပ်ဖို့လဲ]
[နင်ငါ့ကို ဇာတ်လမ်းမပြောရသေးဘူးလေ အခုပြောပြအုံးဟ!]
[သခင်ဘဲ သခင့်ရဲ့ဇာတ်ကြောင်းကို မိဘမဲ့အဖြစ်နဲ့ ရိုးရိုးရှင်းရှင်းဘဲ လုပ်မယ်ဆိိုလို့ လုပ်ထားပေးတဲ့ဟာကို]
[ငါသိပါတယ်ဟာ နင့်ကိုအခုလက်ရှိ အခြေအနေအကြောင်းဘဲမေးတာ?]
[သခင်အခု တိရိစ္ဆာန်ရုံကိုသွားမှာပါ]
[ငါမသွားချင်ဘူး အိပ်ချင်တယ်]
လို့ပြောပြီး Rebecca တစ်ယောက်သူမရဲ့ကိုယ်ကို သူမ စောင်နဲ့ပတ်ပြီးပြန်အိပ်နေလိုက်တယ်။ ဒါကိုမြင်နေတဲ့ Orsonက
[မသွားလို့မရပါဘူး သခင့်ကိုအထက်က သေချာပေါက်သွားခိုင်းထားပါတယ်]
[ဘာဖြစ်လို့လဲ?]
[ဟူးးးးး သခင်က Harry Potterကို မတွေ့ချင်တော့ဘူးထင်တယ်~]
[အေ! ဟုတ်သားဘဲ ဟယ်ရီလည်းအဲ့မှာရှိနေမှာ ငါမေ့တော့မလို့ မြန်မြန်ပြင်ရမယ်]
ပြောပြီး Rebecca တစ်ယောက် အိပ်ရာကနေချက်ချင်းထကာ ပြေးပြီးပြင်ဆင်နေတော့တာဘဲ။ အဲ့တာကို မြင်တဲ့ Orson ကလည်း
[Harry Potter ဆိုတဲ့ အသံကြားတာနဲ့ဖြစ်ပျက်နေလိုက်တာများ ဟွန့် မပြောလိုက်ချင်ဘူး] လို့ပြောတော့ Rebeccaကလည်း အရှုံးမပေးဘဲ
[မပြောချင်မပြောနဲ့ပေါ့ ဘယ်သူကသူ့ကို အားအားယားယား အတင်းပေးပြောခိုင်းနေလို့လဲ သူ့ဟာသူပြောနေပြီးတော့] ပြောပြီး သူ့ဟာသူ ပြင်ဆင်စရာရှိတာပြင်ဆင်နေတော့တယ်။
YOU ARE READING
''Restart of Harry Potter's story and Saving not die People''
Fanfictionအမြဲတောင်းနေတဲ့ဆုတစ်ခု မပြည့်နိုင်မှန်းသိပေမယ့်...... တစ်ကယ်ပြည့်သွားတဲ့အခါ......... ငါတစ်ကယ့် မူရင်း Harry Potter ဝတ္ထုထဲ ရောက်နေတာရောဟုတ်ရဲ့လား..