ရထားပေါ်တွင်........
[ သခင် သခင်ဘယ်သူ့ကို ရှာနေတာလဲ !! ]
ရထားပေါ်မှာ ဟိုအခန်းဝင် ဒီအခန်းထွက်နဲ့ တစ်ခုခုကိုရှာနေတဲ့ Rebecca ကို Orson က နားမလည်ဘဲ မေးလိုက်ခြင်းပင်။
[ ငါ့ကိုလာမမေးနဲ့ နင်သိချင်ရင် စောင့်ကြည့်နေ ]
" ဘုန်း!!''
* တွေ့ပြီကွ ဒီမှာ ငါ့ Harry ရဲ့ အနာဂတ်လင်လေး*
Rebecca တစ်ယောက် တံခါးကို စောင့်ဖွင့်ရင်း စိတ်ထဲကနေ ပြောလိုက်ခြင်းပင်။
Rebecca ဖွင့်လိုက်တဲ့ အခန်းထဲမှာရှိနေတဲ့ သူတွေကတော့ Draco နဲ့ သူ့အပေါင်းအပါတွေပင်။'' မင်း ...ဘယ်..သူလဲ ငါ့လို သခင်လေးရဲ့ နေရာကိုဝင်လာရဲတယ်ပေါ့!!! ''
Draco ကလန့်ပြီးအော်ပြောပေမယ့် Rebeccaကတော့ Draco ကိုကြည့်ပြီးစိတ်ထဲမှာ
* အိုက်ဂူးးးး ဘာလို့ဒီလောက်ချစ်ဖို့ကောင်းနေရတာလဲ အော်တဲ့ပုံလေးကိုက *
လို့တွေးနေတုန်းဘဲ ရှိသေး Orson ဆိုတဲ့ ကြောင်အစုတ်က အတွေးတွေကိုဖျက်ချလိုက်တယ်။
[ အဟွတ် အဟွတ်!! သခင် အခုက...OC နေရမဲ့ အချိန်မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်]
[...]
'' မင်္ဂလာပါ ငါဒီနားမှာ ထိုင်လို့ရမလား ''
လို့ပြောပြီး Draco ရဲ့ဘေးကို အတင်းဝင်ထိုင်တော့တယ်။
Draco ကလည်း သူ့နားတိုးလာတဲ့ Rebecca ကို ဟိုဘက်တိုးတိုး ပြီးရှောင်ရင်း မီးရထားရဲ့ ပြတင်းပေါက်မှန်နဲ့တောင် ကပ်မလိုဖြစ်နေပြီ။ ဒါကြောင့် Dracoက အသံကို အနေအထားမှန်အောင် သေချာပြင်ရင်း ပြောလိုက်တယ်။'' ဒီမှာနော် မင်းက ဘယ်သူလဲတော့မသိပေမယ့် ငါတို့အတန်းမှာ လာဝင်ထိုင်လို့ရလောက်တဲ့ အဆင့်တော့ မဟုတ်လောက်ပါဘူး မင်းနေရာကို မင်းပြန်တာကောင်းလိမ့်မယ် "
" ဟုတ်တယ် နင့်လို ခလေးမလေးတစ်ယောက်က ဘာလို့ ငါတို့ရဲ့ သခင်လေးနားမှာလာထိုင်နေရတာလဲ!! ''
Draco ရဲ့ စကားကို မျက်နှာချင်းဆိုင်ခုံမှာ ထိုင်နေတဲ့ Crabbe နဲ့ Goyle က ထောက်ခံတဲ့အနေနဲ့ ဝင်ပြောလိုက်ကြခြင်းပင်။
YOU ARE READING
''Restart of Harry Potter's story and Saving not die People''
Fanfictionအမြဲတောင်းနေတဲ့ဆုတစ်ခု မပြည့်နိုင်မှန်းသိပေမယ့်...... တစ်ကယ်ပြည့်သွားတဲ့အခါ......... ငါတစ်ကယ့် မူရင်း Harry Potter ဝတ္ထုထဲ ရောက်နေတာရောဟုတ်ရဲ့လား..