Part-8

20 6 1
                                    

Rebecca တို့လေးယောက် ဟောခန်းကိုဝင်လာခဲ့ကြသည်။

    သူတို့လေးယောက်က Gryffindor  စားပွဲမှာသွားထိုင်လိုက်ကြသည်။
ခဏကြာတော့ အိမ်ကဇီးကွက်တွေရောက်လာပြီး ဟောခန်းတစ်ခုလုံးဆူညံနေသည်။
ကျောင်းသားအားလုံးက သူတို့ကိုပို့ပေးလာသည့် စာအိတ်တွေ လက်ဆောင်တွေကို ဖွင့်ပြီးတစ်ယောက်ကို တစ်ယောက်ကြွားကာပျော်နေကြသည်။
Harry ကတော့ ဘာမှမရလို့ Ronဆီကနေ သတင်းစာယူကာ ဖတ်နေလိုက်သည်။
ဒါကိုသတိထားမိတဲ့ Rebecca ကလည်း Harry ကို တစ်ခုခုပေးရမယ် ဆိုပြီး စဥ်းစားမိကာ Orson ကိုခေါ်လိုက်သည်။

[ဘာလုပ်ဖို့ခေါ်တာလဲသခင် ]

[ ဟို ငါလေ Harry ကို လက်ဆောင်ပေးချင်လို့ ]

[ အဲ့ဆိုလဲပေးပေါ့ သခင်ကလဲ ဘာလို့ Orson ကိုလာခေါ်နေတာလဲ ]

[ အဲ့တာနင့်ဆီကနေအကြံတောင်းမလို့လေ ပြီးတော့ ရော့ ဒီမှာ အကို့တွက်လက်ဆောင် ဆိုပြီတော့ ဘလိုင်းကြီးသွားပေးလို့မှ မရတာ~ နောက်ပြီး ငါလည်းဘာပေးရမလဲ မသိလို့ ]

[...သခင်က ဘလိုင်းကြီးမပေးချင်ဘူဆို ဘယ်လိုပေးချင်လို့လဲ ]

[ အင် ငါက ဒီလိုမျိုးလေဟာ သူ့ကို Muggle လောက က အမည်မသိသူဆီကနေ လက်ဆောင်ရသလိုမျိုးပေါ့  အဲ့တာ နင်လုပ်ပေးလို့ရမလား ]

[ အင်~အဲ့တာက ရပါတယ် ဒါပေမယ့်အမည်မသိတော့မရဘူး အမည်တစ်လုံးလောက်ဖြစ်ဖြစ် အမည်အတုဖြစ်ဖြစ် ပါမှရမယ် ]

[ ....အင် အဲ့တာဆိုလဲ ပို့တဲ့သူ အမည်ကို ငါအမည်အစ R နဲ့လုပ်လိုက်ပေါ့ ]

[ ပြီးတော့သခင်က ဘာလက်ဆောင်ပေးမလို့လဲ အဲ့တာပါ Orson ကိုစဥ်းစားခိုင်းတာတော့မဟုတ်ပါဘူးနော်]

[ အင်...ငါစဥ်းစားလို့ရပြီ ငါ Harry ကို Dream Catcher လေးပေးမယ် သူက အနီရောင်ကြိုက်တယ်မလား ]

[ သခင့်အကြံက မဆိုးပါဘူး ]

[ ဒါပေမယ့် တစ်ခုတည်းဆိုမကောင်းဘူး Dream Catcher Keychain လေးပါပေးလိုက်မယ်..အခုပြင်ပေးတော့ ]

[ သခင်က ဘယ်လိုပုံလိုချင်လဲ ဒီမှာရွေးလိုက်လေ ]

Rebecca ရှေ့မှာ လေးထောင့်ပုံ ဖန်ပြားလေးကျလာပြီး Rebecca က သူ့စိတ်ကြိုက်ရွေးလိုက်သည်။

''Restart of Harry Potter's story and Saving not die People''Where stories live. Discover now