- 18 - [Zawgyicode]

2.6K 46 2
                                    

" ချီးယားစ်! "

ဘားကိုစရောက်ကတည်းကဒီနာရီပိုင်းအတွင်း အခုလိုမျိုးချီးယားစ်နေကြတာက အခါပေါင်းမနည်းတော့၊ ဒီညကနေခရဲ့မင်္ဂလာဦးည၊ ဒါပေမဲ့သူတို့ အချစ်ဆုံးသူငယ်ချင်းလေးရဲ့ မင်္ဂလာဦးညအတွက် bachelor night partyအားလုပ်မှဖြစ်မယ်ဆိုကာအရက်ဘားဆီကို အတင်းဆွဲခေါ်လာတဲ့ဒီမျက်စိရှေ့ကသကောင့်သားတွေကြောင့်အခုထိ သူ့မှာ အိမ်တွင်ကျန်နေခဲ့တဲ့အသစ်စက်စက် ခင်ပွန်းလေးအနားသို့ ကပ်ရတယ်ကိုမရှိသေးချေ၊
မနက်တုန်းကလဲ ဧည့်ခံပွဲကြောင့်နဲ့အလုပ်ရှုပ်နေခဲ့ရပြီး အခုညကျပြန်တော့လည်း ဒီကောင်တွေကောင်းမှုကြောင့် လူက ရှိမနေသင့်တဲ့နေရာကြီးတွင် ရှိနေရပြန်၏၊
ကျစ်* တကယ့်အာရုံတွေ၊

" ဟဟ အဲ့လောက်အလောကြီးမနေစမ်းပါနဲ့ မင်းနေခမောင်ရာ၊ အခုမှ ည၁၁နာရီလေးထိုးပြီးရုံပဲရှိသေးတာကို "

ခပ်မြူးမြူးကြီးပြောလာတဲ့သူက အခုလက်ရှိတွင် သူ့အဖေရဲ့အဆက်အသွယ်နဲ့ အိမ်ခြံမြေပွဲစားလုပ်နေပါတယ်ဆိုတဲ့ ကျော်သီဟဆိုတဲ့အကောင်ပဲဖြစ်သည်၊ ပါတီလုပ်မယ်ပြောပြီး ဒီအရက်ဘားဆီကိုရှေ့ဆောင်လမ်းပြဇွတ်လုပ်တာကလည်း ဒင်းပဲလေ၊

ခြေကလိမ်ချိတ်အနေအထားပြောင်းထိုင်လိုက်ပြီး လက်ထဲရှိအရက်ဖန်ခွက်ထဲသို့ ရေခဲတုံးကို ဂွက်ခနဲအသံမြည်အောင်အထိပစ်ထည့်လိုက်ပြီးမှ စုတ်သတ်ပစ်လိုက်သည်၊

" ကျစ်* ည၁၂နာရီလေးမဟုတ်ဘူး၊ ၁၁နာရီကြီးကွ၊ငါပြန်မှဖြစ်တော့မယ်၊ မင်းတို့နည်းနည်းပါးပါးအလိုက်သိကြစမ်းပါ "

ကျော်သီဟအား ဂျိုကြည့် ကြည့်ကာပြောလိုက်သည်၊

" ဘာတွေလောနေရသလဲ ကိုယ့်လူ၊မနက်၎နာရီမထိုးခင်အထိတော့ မင်းအေးဆေး မင်္ဂလာဦးဖို့အချိန်ရှိပါသေးတယ်ကွ ဟဲဟဲ"

ခွက်ချင်းတောင်ဖြောင့်ဖြောင့်မတိုက်နိုင်တော့ပဲ မျက်မှောင်ကြီးကြုံ့ထားကာ မျက်ခုံးကြီးတွန့်ချိုးထားလျက် ခဏခဏဖင်တကြွကြွဖြစ်နေတဲ့ အိမ်ထောင်ဦးစီးအသစ်စက်စက်ကြီးကို ၀နက ပြီတီတီရုပ်နဲ့လှမ်းစလိုက်ပြန်တော့ မင်းနေခမောင်ရဲ့လေဆာရောင်ခြည်လိုမျိုးအကြည့်စူးစူးက ကိုယ့်ဘက်ဦးတည်ရာပြောင်းလှည့်လာပါတော့သည်၊တစ်ဆက်တည်းမှာအပြောခံလည်းထိပြီလေ၊

> မောင့်အပိုင်..ဆု < [Completed]Where stories live. Discover now