- ကျေးဇူးတင်လွှာ -

1.8K 62 4
                                    

[ Unicode ]

Hello AhShun56 🍓ပါ ကိုယ့်လူတို့ရေ~
နောက်ဆုံးတော့ ကိုယ့်ရဲ့ ပထမဆုံးဖန်တီးရေးသားတဲ့OC ဇာတ်လမ်းရှည်တစ်ပုဒ်ဟာပြီးဆုံးသွားခဲ့ပါပြီ ၊ တကယ် ကိုယ့်ကိုကိုယ်တောင်မယုံနိုင်သေးဘူး TT
ကျေးဇူးတင်လွှာဆိုတဲ့အတိုင်း ကျေးဇူးတင်စကားတွေချည်းပဲပြောပါရစေ~

ဒီ၉လကျော်ခရီးရှည်တစ်ခုကိုစိတ်ရှည်လက်ရှည်နဲ့လိုက်ပါစီးမျောဖတ်ရှုပေးတဲ့စာဖတ်သူတစ်ယောက်ချင်းစီတိုင်းကိုစိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ်၊ ကိုယ့်အနေနဲ့လိုအပ်ချက်တွေရှိနေသေးပေမဲ့ ကိုယ့်ဇာတ်လမ်းကိုသဘောကျပေးပြီး voteပေး၊ cmtရေး ပြီး Library,RLထည့်ပေးကြတဲ့သူတစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်ဗျာ၊ ဒီဇာတ်လမ်းကိုအခုလိုမျိုးအဆုံးသတ်အထိ လှလှလေးရေးနိုင်ဖို့ဆိုတာက မင်းတို့ရဲ့vote,Cmt,RLတွေကြောင့်ပါ၊အဲ့တာတွေကကိုယ့်လိုနာမည်မကြီးသေးတဲ့ဝါနုစာရေးသူအသစ်တစ်ယောက်အတွက်အလွန့်အလွန်မှကိုအရေးပါပြီးအားဖြစ်စေခဲ့တာပါ၊ အဲ့အတွက် စာဖတ်သူအားလုံးကိုသိပ်ကျေးဇူးတင်ရပါတယ်၊ နောက်ပြီး ဒီကအပျင်းကြီးတတ်တဲ့အာသာကိုအက်ပုဒိတ်တင်ပေးဖို့ အက်ပုဒိတ်လာတောင်းပြီးနားပူနားဆာလုပ်၊လှုံ့ဆော်ပေးတတ်တဲ့ စာဖတ်သူတစ်ဖြစ်လဲ ကိုယ့်ရဲ့သူငယ်ချင်းတစ်သိုက်ကိုလည်း အများကြီးကျေးဇူးတင်ပါတယ်လို့၊ ဒီကအက်ပုဒိတ်လာတောင်းရင်ပီတိတွေဖြာပြီးထထရေးတတ်တဲ့အာသာမကြီးမို့ပါ5555 ၊ ကိုယ်အကျွမ်းတ၀င်သိပ်မရှိတဲ့businessပိုင်းနဲ့ပတ်သက်တဲ့အခေါ်အဝေါ်အကြောင်းအရာအချို့ကို စိတ်ရှည်လက်ရှည်နဲ့ရှင်းပြပေးပြီး အားပေးတတ်တဲ့ ကိုယ့်ရဲ့တစ်စုံတစ်ယောက်ကိုလည်း အများကြီးကျေးဇူးတင်ပါတယ်ဗျာ၊

နောက်ဆုံးကတော့ နှစ်မကူးဘဲအဆုံးသတ်ရေးလိုက်နိုင်တဲ့ ကိုယ့်ကိုကိုယ်လဲအများကြီးကျေးဇူးပါလို့ 555555

ဒါနဲ့ ဇာတ်လမ်းထဲက ဘယ်အကြောင်းအရာ ၊ ဘယ်စာသားလေးတွေကိုတော့သဘောကျမိတယ် ၊ ဘယ်ဇာတ်ကောင်ကိုတော့ဘယ်လိုမြင်ပြီး ဘယ်လိုသဘောကျတယ်မကျဘူးဆိုတာလေးတွေကို ဒီနေရာမှာဝေဖန်ရေးသားခဲ့လို့ရပါတယ်ဗျာ၊ [ဝေဖန်ရေးသားခိုင်းတာပါ၊
blame ခိုင်းတာမဟုတ်ပါဘူးဗျာ ]
ရေးပေးကြမဲ့သူလေးတွေကိုလည်းကြိုပြီးကျေးဇူးတင်ပါရစေ၊ကျေးဇူးပါဗျာ၊

> မောင့်အပိုင်..ဆု < [Completed]Where stories live. Discover now