အတိတ်အား ပြန်လည်ဆန်းစစ်ခြင်း
"အကို"
"မင်းလာပြန်ပြီလား ဝမ်ရိပေါ်!"
"ဟို...အကို စိတ်မဆိုးပါနဲ့။ ကျွန်တော် အကို့အတွက် မနက်စာလေး လာပေးတာပါ"
"ငါ မနက်စာမစားတတ်ဘူး ပြန်ယူသွား"
"အကိုရယ် နေ့လည်ကျ စားလို့ရပါတယ်။ ကျွန်တော့်ရဲ့စေတနာလေးကိုတော့ လက်ခံပေးပါနော်"
"ဟ ဝမ်ရိပေါ်! မယူချင်လို့ မယူတာပေါ့ မင်းဘာကို စောက်ပေါလာလုပ်နေတာလဲ"
"အကို..."
အရှေ့ကကောင်လေးရဲ့မျက်ရစ်ကင်းရဲ့ မျက်ဝန်းလေးတစ်စုံမှာ မျက်ရည်စလေးတွေက ရစ်သီလို့လာတယ်။ သူ့အရှေ့မှာမှ လာငိုပြနေတော့ ရှောင်းကျန့်ဆိုတဲ့ဒီကောင်ကပဲ ခေါင်းရှုပ်ရတော့တာပဲ။
ဝမ်ရိပေါ်က တစ်ကိုယ်ကောင်းဆန်လိုက်တာကိုမှ လွန်ရော။ မကြိုက်ပါဘူးဆိုတာကိုမှ အသည်းအသန်လာလုပ်နေတော့ အော်မိတဲ့ဒီကောင်ရဲ့စောက်ပြစ်ဖြစ်ရပြန်တယ်။
"ငါကွာ!...ကဲ ပေးပေး စောစောစီးစီး ငိုပြနေတယ်"
"ဟင့် ကျွန်တော်က..."
"ကျွန်တော်က လုပ်မနေပဲ သွားလိုက်ပါတော့ ဝမ်ရိပေါ်ရယ် ငါအာရုံတွေနောက်လွန်းလို့ပါ"
ဝမ်ရိပေါ်ကိုထားခဲ့ပြီး ရှောင်းကျန့်က ထွက်သွားဖို့ဆိုတာကလည်း ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့စာသင်ခန်းထဲအထိလာပြီး ခေါင်းလာစားနေတာပင်။
"အဲ့ဒါဆို ကျောင်းဆင်းတော့မှ ထမင်းဗူးကို တစ်ခေါက်ပြန်လာယူမယ်နော် အကို...အခုတော့ ကျွန်တော်သွားတော့မယ်"
"အေး အေး"
"အကိုကလည်း ဆောင့်ကြီးအောင့်ကြီးနဲ့"
သွားခါနီးကိုတောင် နှုတ်ခမ်းဆူကာခြေဆောင့်သွားတဲ့ကောင်လေးက သူ့ကိုတကယ်ကြိုက်တာမှဟုတ်ရဲ့လားလို့တောင် ရှောင်းကျန့်တွေးမိပါသေးသည်။ ဝမ်ရိပေါ်က ရှောင်းကျန့်ကိုချစ်နေတာမဟုတ်ပဲ သူ့ကိုယ်သူပဲချစ်တာဟု ရှောင်းကျန့်ကသတ်မှတ်ထားသည်။
ရှောင်းကျန့်ကလည်း ကျောပူတာပဲခံနိုင်တယ် နားပူတာတော့ မခံစားနိုင်တဲ့လူမျိုးပေါ့ လိုချင်တာမရတိုင်းငိုယိုတတ်တဲ့ ဝမ်ရိပေါ်ကို အဖြေပြန်ပေးတာကလွဲ နောက်ဆုံးမှာ အလိုလိိုက်ဖြစ်သည်။
*******
"အကို!"