Ep 22(Edited)

1.7K 168 12
                                    

Pete's Pov

နောက်တစ်နေ့မနက်မှာ အိပ်ရာက ထလာပီး နောက် ဘဝကအရင်နေ့တွေအတိုင်းပဲ -
Vegas က ဒီအချိန်ဆို အခန်းထဲမှာ ဘယ်တော့မှ မရှိတော့ဖူး..
ဆိုဖာပေါ်မှာ သပ်သပ်ရပ်ရပ်ခေါက်ထားတဲ့ စောင်အပုံလိုက်လေးပဲ ကျန်နေခဲ့တာတွေ့တော့ သွားယူ သိမ်းလိုက်သည်...

မနက်ထလာပီး သူ့မျက်နှာကို ပထမဆုံး မတွေ့ရတာ စိတ်ချမ်းသာလိုက်တာနော်...နို့မို့ တအားစိတ်လေဖို့ကောင်းတာ !!
အဲ့ဒီနောက် နေ့တိုင်းလုပ်နေကျအတိုင်း အခန်းထဲကို ပတ်ချာလည်လမ်းလျှောက်မယ်၊ ရေချိုးမယ်၊ ကုတင်ပေါ်သွားထိုင်မယ်၊ ချိန်းကြိုးဖြုတ်ဖို့ ပစ္စည်းထပ်ရှာမယ်..ဟုတ်တယ် ခုထပ်ထိ အဲ့ကိစ္စကို လက်မလျှော့နိုင်သေးဖူး..

ဒီအရေးမပါတဲ့ချိန်းကြိုးက ရိုက်ဖြတ်လို့လဲမရ၊ ဆပ်ပြာသုံးပီးလက်ထုတ်ကြည့်တော့လည်းမရ.. ဒါ ဘာ ဘရန်း(Brand) တံဆိပ်တုန်း? ချွတ်ဖို့ကို တအားခက်နေရတာ..

အချိန်မှန် Nop အရူးကောင် အခန်းထဲ ဝင်လာတာတွေ့တော့ သူ့လက်ထဲက ပန်းကန်ကို လှမ်းကြည့်လိုက်သည်.. စိတ်ပျက်စရာ ဒီပေါင်မုန့်၊ကြက်အူချောင်း၊ကြက်ဥ ချည်းပဲ..
"Nop .."

"မင်းကို ကူညီပေးဖို့ တောင်းဆိုနေတာတွေကို ရပ်သင့်ပီ Pete"

"အဲ့ကိစ္စမဟုတ်ပါဖူး.. အခုက အစားအသောက်ကိစ္စပါ..တခြားစားစရာ မရှိဖူးလား? မင်းကော ပုံမှန်ဘာစားရလဲ?"

"ပုံမှန် ထမင်းနဲ့ဟင်း လေ၊ ဘာဖြစ်လို့လဲ?"

"ဒါဆိုငါ့ကို မင်းစားတာပဲပေး..ဒါကြီးလုံးဝမစားနိုင်တော့ဖူး..ငါ့ကိုကြည့်လိုက်အူး..အာလူးလုံး လိုဖြစ်နေပီကွ"

"မရဖူး..သခင်လေးVegas က ဒါပဲကျွေးခိုင်းတာ"

"ဘာလို့အဲ့အမိန့်ပေးထားရတာလဲ? မြက်တွေကို ခရင်မ်၊ထောပတ် တွေနဲ့ရောနယ်ထားတဲ့ အသီးအနှံတွေ ဘာလို့လာစားခိုင်းနေရတာတုန်း!"

"စားသာစား..ဂျီးများမနေစမ်းနဲ့ကွာ"
Nop က စိတ်မရှည်စွာအော်ပြောပီး အခန်းထဲက ထွက်သွားတော့သည်..

"ဟေး...စောက်ရူးကောင်...ငါလုံးဝစားမှာ မဟုတ်ဖူးကွ ကြားလား?!"
ချီး... အလကား လျှောက်ပြောတာရယ် ... တကယ်တော့ ကျွန်တော် အကုန်စားပစ်လိုက်ပါတယ်..
ဘုရားရေ...ဒီအိမ်က အစားအသောက်တွေကို ကျွန်တော်တော့ မယုံနိုင်အောင်ပါပဲဗျာ...
ကျွန်တော်က ထမင်းနဲ့ ဟင်းစပ်စပ်လေးတွေစားချင်တာ..ဒီ အဆီတရွဲရွဲဟာကြီးတွေ လုံးဝပဲ !!

Vegas x Pete (official side story)Where stories live. Discover now