NewStory Ep 05 💡

1.4K 116 8
                                    

Ep 05 : Keep You Sane
((မင်းကိုနေကောင်းကျန်းမာအောင် ထားပေးမယ်...))

Warning 💡 ပိစိပဲပါလို့ မီးသီးဖြူလေးပဲ 🙄

အဆက် >> Macau ရဲ့ အခန်းထဲ Vegas နဲ့ Pete အတူရောက်နေစဉ် Pete ရဲ့ အဖိုးနဲ့အဖွား ရောက်လာသည့် သတင်းရ >>

Pete's Pov

Macau ဆေးရုံတင်လိုက်ရသည့်အချိန်ကို နောက်ကြောင်းပြန် >>

"သခင်လေး Pete နဲ့ သခင်လေး Vegas တို့ ရန်စဖြစ်ကြတော့ ကျကွဲသံတွေက တောက်လျှောက်ကြားနေရတော့ သခင်လေး Macau က အပေါ်ထပ်ကိုပြေးတက်ပီး သခင်လေးတို့အခန်းရှေ့တံခါးမှာ ငိုယိုခဲ့တယ်... ပီးတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေတဲ့ပုံနဲ့ သူ့အခန်းထဲ ပြေးဝင်သွားပီး အခန်းတံခါးကိုလည်းလောခ့်ချပစ်တယ်... Nop က မင်္သကာတာနဲ့ သခင်လေးMacau အခန်းကို သော့ဖြတ်ဝင်လိုက်တော့ ..."

"ဘာလို့လဲ?? ဘာလို့လဲ Macau?? ဘာလို့ လုပ်ရတာလဲ??"
မေ့မြောနေတဲ့ Macau ရဲ့ လက်တစ်ဖက်ကို ဆုကိုင်ထားရင်း ကုတင်ဘေးတွင် ကျွန်တော်ထိုင်ငိုချမိတယ်...
ကံကောင်းထောက်မစွါနဲ့ ဓါးပြတ်ရှရာက ပင်မသွေးကြောတွေကို မထိခဲ့လို့သာ ...
အခု Macau သတိမရသေးတာက သွေးဆုံးရှူံးထားမှုကြောင့်သာဖြစ်ပီး ဒဏ်ရာအခြေအနေကတော့ စိုးရိမ်စရာမရှိ...
စိုးရိမ်စရာအခြေအနေမရှိတော့လို့ စိတ်သက်သာရာရမိပေမဲ့ ရင်ထဲမှာတော့ လေးလံနေပီးခံစားချက်တွေမကောင်း...

"သူဘာကြောင့်လုပ်ခဲ့လဲဆိုတာ ကို သူ့ကိုမေးခွန်းမထုတ်မိစေနဲ့ အစ်ကိုPete ... ဘာ့ကြောင့်သေချင်နေတာလဲ ဆိုတာကိုလည်း မမေးမိပါစေနဲ့... Macau က ပျော့ညံ့တဲ့သူ မဟုတ်ပါဖူး... အခု သူဖြစ်နေတာက - အသက်ဆက်ရှင်သန်ချင်စိတ်မရှိနေတာ၊ ဆက်မတိုက်ခိုက်ချင်တော့တာ... သူခံစားနေရတဲ့ နာကျင်မှုတွေဆီကနေ လုံးဝ ကွင်းလုံးကျွန်လွှတ်မြောက်သွားမဲ့ လမ်းကို ရှာတွေ့ထားသလိုဖြစ်နေတာပဲ... အခုကျွန်တော်တို့တွေ လုပ်ပေးရမှာက - သူ့ကို စိတ်ဓါတ်အားဖြည့်ပေးရမယ်၊ စိတ်ခွန်အားတွေ ပေးရမယ်၊ အသက်ဆက်ရှင်ချင်အောင်၊ နာကျင်မှုတွေကို တွန်းလှန် တိုက်ခိုက်ချင်စိတ်ပေါ်လာအောင် ကူညီပေးရမှာပါ"
ဒေါက်တာTop က ရှင်းပြရင်း ကျွန်တော့်ကျောပြင်ကို အားပေးသည့်အနေဖြင့် ခပ်ဖွဖွ ပုတ်ပေးသည်...

Vegas x Pete (official side story)Où les histoires vivent. Découvrez maintenant