Ep 25(Edited)

1.6K 147 11
                                    

Pete's Pov

Vegas က မှာစရာရှိတာ မှာခဲ့ပီးသည်နှင့် ရုံးခန်းထဲဝင်သွားခဲ့သည်...

ကျွန်တော်လည်း ကြမ်းပြင်ပေါ်ဝမ်းလျားမှောက်နေရာကနေ ထကာ စဉ်းစားခန်းဖွင့်နေလိုက်၏ ~ သူ့ သူငယ်ချင်းတွေ သတိထားမိအောင် ဘာလုပ်ရမလဲ? ရုံးခန်းထဲကနေ အိပ်ခန်းကို လှမ်းမမြင်ရသလို အသံကလည်း တော်ရုံဆိုလုံတာမို့ မကြားနိုင်...
.....
......
"ဘယ့်နှယ်လဲ Vegas? စာမေးပွဲပြီးတာနဲ့ အိမ်ကိုတန်း ပြေးတော့တာပဲ"

Vegas ရဲ့ သူငယ်ချင်း ၂ယောက် ရုံးခန်းထဲ ဝင်လာတာတွေ့တော့ လူမျက်နှာအသစ်တွေကို မြင်လိုက်ရလို့ အတော့်ကို ပျော်သွားမိသည်... ဒါက ငါလွတ်မြှောက်ဖို့ မျှော်လင့်ချက်အသစ်ပဲ..

"Hey...Jay ကပြောနေတယ်..မင်းအိမ်မှာ တစ်စုံတစ်ယောက်ကိုဖွက်ထားလို့ ငါတို့ကို မြန်မြန်ပြန်ဖို့ အမြဲ တိုက်တွန်းနေတာတဲ့လေ"
သူ့ သူငယ်ချင်းထဲကတစ်ယောက်က ပြောရင်းဆိုရင်း အိပ်ခန်းတံခါးရှိရာဆီသို့ လျှောက်လာတာမြင်မိတော့ -

ဟုတ်တယ်!! ဝင်လာခဲ့!!ငါဒီမှာ ရှိနေတယ်!!

"ရပ်လိုက်!! မင်းတို့ဒီမှာ အစီရင်ခံစာ ရေးဖို့ လာတာမလား! ရေးရင်ရေး မရေးရင် လစ်လိုက်ကြတော့"
Vegas က အသံခပ်မာမာနဲ့ ပြောလိုက်တော့ သူ့သူငယ်ချင်းတွေ ပြန်တပ်ခေါက်သွားကြသည်..

"ကျစ်...မင်းကလည်း အမြဲ ခြိမ်းခြောက်နေတော့တာပဲ"

ဟမ့်...ဒီကောင်က သူငယ်ချင်းပါမချန် လူတကာကို အမိန့်ပေးနေတော့တာပဲကိုး..သူ့လိုလူမျိုးက ပြောင်းလဲဖို့တော့ ရှိမှာမဟုတ်ဖူး..
သူ့ သူငယ်ချင်းတွေ ငါ့ကို မြင်ခါနီးနေပီကိုကွာ..

အခန်းထဲမှာ ပတ်လျှောက်နေရင်း အကြံထုတ်နေမိသည်..မျက်စိထောင့်ကနေ လင်ဗန်းနဲ့စားပီးသားပန်းကန်ခွက်တွေကို မြင်တော့ အတွေးတစ်ခုက လက်ခနဲ...

// ချလန်း...ခွမ်း //

လင်ဗန်းနဲ့ပန်းကန်တွေကို မြင့်မြင့်မြှောက်ပီး ကြမ်းပြင်ပေါ် ပစ်ချပစ်သည်..
သေချာတာပေါ့..အသံက ကျယ်လွန်းလို့ အသံလုံပါတယ်ဆိုတဲ့ ရုံးခန်းထဲက ၃ယောက်တောင် ခေါင်းထောင် လာကြသည်...

Vegas x Pete (official side story)Where stories live. Discover now