Uni
//ခဗျားမသိအောင်......ခဗျားသို့ရည်ရွယ်ပြီး//
ဝမ်းနည်းမှုတွေရစ်သိုင်းလာပြီး ကူရာမဲ့တဲ့ခံစားချက်ကြီးက ဆေးလိပ်ငွေ့ကို ရှုရှိုက်လိုက်ရသလိုပဲ!
ဘာမှတတ်နိုင်ခြင်းမရှိတဲ့ သေချာတဲ့အခြေအနေတစ်ခုမှာ ငါဟာ လမ်းပျောက်လို့နေတယ်
နှစ်သိမ့်မှုတွေဟာ နှုတ်ခမ်းဖျားက ချိုသာတဲ့စကားလုံးသာသာ
အသုံးမကျမှုတွေကို ရင်ဝယ်ပိုက်ပြီး အော်ဟစ်ငိုကြွေးမှုတွေက ဘာမှအရေးမပါခဲ့
ကျနော်တတ်နိုင်ချင်တဲ့ပေးအပ်မှုတွေက ဆပ်ပြာပူဖောင်းသဖွယ် ဘယ်လောက်မှကြာရှည်မခံခဲ့ဘူး
ယူကျုံးမရမှုတွေဟာ ပိုပိုလို့တိုးလာခဲ့တယ်
ဘဝမှာအခက်အခဲဆုံးအခြေအနေတစ်ခုကိုပြောပါဆို
ခဗျားအဆင်မပြေနေချိန်မှာ ကျနော်ဟာ ရပ်ကြည့်နေရခြင်းပဲ!
YOU ARE READING
//ခဗျားမသိအောင် ခဗျားသို့ရည်ရွယ်ပြီး// |Z&U|
Sonstigesခဗျားကို ဘယ်တော့မှမသိစေချင်သော