
16 3 5
                                    

Zawgyi:




















Unicode:

//ခဗျားမသိအောင်.......ခဗျားသို့ရည်ရွယ်ပြီး//

လက်လွှတ်ဖို့ ဆုံးဖြတ်လိုက်တယ်

ချစ်ရဲ့သားနဲ့ လက်တွဲဖို့ဟာ ပင်ပန်းမှုတွေကြားထဲမှာ ပျောက်ပျက်သွားနိုင်သလိုပါပဲ

ဘာမဟုတ်သောအကြောင်းကိစ္စလေးတွေနဲ့ အဆင်မပြေဖြစ် ငိုကြွေးရတဲ့အခါ

ခဗျားလည်းမောနေမယ် ကျွန်တော်လည်း ပင်ပန်းရတယ်

လက်ပြနှုတ်ဆက်ပြီး အဝေးကလွမ်းနေတော့မယ်လို့ ဆုံးဖြတ်ချက်ချလိုက်မိတယ်

ခဗျားနာကျင်ရမယ်သိပေမဲ့ ရှေ့ဆက်ဖို့လွယ်ပါ့မလားတွေးမိနေလို့ပဲ

ကျွန်တော့်ကြောင့် ပင်ပန်းရတဲ့အခါ ကြည့်နေရတဲ့ ကျွန်တော်က ပိုနာကျင်ရတယ်

ဒါပေမဲ့လည်း အဲ့လိုတွေများစွာတွေးမိနေပေမဲ့

နောက်တစ်နေ့မနက်ခင်းမှာ

ခဗျားဟာ မနေ့ညက ဖြစ်သမျှကို မေ့ပစ်ပြီးတော့

ကျွန်တော့်ကို ခဗျားက တယုတယခေါ်လာခဲ့တော့

ဟာဗျာ အဲ့မှာ ဒီကောင်ကြီးရူးတာပါပဲ

တွေးထားသမျှ သဲရေကျသလိုပဲ

ခပ်ဟဟလေးပြုံးလိုက်ရင်း

နောက်တစ်နေ့တွေမှာလဲ ခဗျားကို ဖမ်းဆုတ်ထားဖို့အတွက် အင်အားတွေရှိလာခဲ့တယ်

ခဗျားဟာတော့ ကျွန်တော့်အတွက် နိဗ္ဗာန်ပါပဲ

ခဗျားဟာတော့ ကျွန်တော့်အတွက် နိဗ္ဗာန်ပါပဲ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
//ခဗျားမသိအောင် ခဗျားသို့ရည်ရွယ်ပြီး// |Z&U|Where stories live. Discover now