//ခဗ်ားမသိေအာင္......ခဗ်ားသို႔ရည္ရြယ္ၿပီး//

6 2 0
                                    

//ခဗ်ားမသိေအာင္......ခဗ်ားသို႔ရည္ရြယ္ၿပီး//

ခ်စ္ေသးရဲ႕လား ဆိုတဲ့ အေမးစကားက

ခ်စ္ေသးတယ္ထင္တာပဲ ဆိုတဲ့ အေျဖစကားရတယ္

ေအးစက္လာတဲ့ေမတၱာတရားနဲ့ ေဝးကြာလာတဲ့ဆက္ဆံေရး

က်ေနာ္ႏွစ္ေယာက္ဟာ အျပန္အလွန္ဒီလိုေတြျဖစ္ေနၾကတာပဲ

တစ္ခါတစ္ခါ မခ်စ္ေတာ့ဘူးလို႔ ထင္မိေပမဲ့

တကယ္တမ္းက်လမ္းခြဲစကားကို မထြက္ႏိုင္ဘူး

ၿငိမ္သက္သြားတဲ့စကားသံေတြ ... မျဖစ္တည္လာေတာ့တဲ့အၿပံဳးေတြ

အရင္လိုေပ်ာ္စရာေကာင္းတဲ့ဆက္ဆံေရးမ်ိဳး

ျပန္ရႏိုင္ၾကမလား?

ဘဝတစ္သက္တာလံုးအတြက္ရည္ရြယ္ၿပီး

တစ္သက္တစ္ခါျဖစ္လာတဲ့ခ်စ္ျခင္းတရား

ပ်က္ပ်ယ္သြားမွာေတာ့ သိပ္ေၾကာက္မိသား!

အနာဂတ္အစီအစဥ္ေတြထဲ အၿမဲတမ္း

ႏွစ္ကိုယ္တူပါဝင္ခဲ့ၾကတာေတြဟာ

အခုေတာ့ မေသခ်ာမေရရာ...

ခဗ်ားကေတာ့ ေျပာေပးရွာတယ္ မခ်ဳပ္ေႏွာင္ထားပါဘူးတဲ့

အရင္ကဆို ရန္ေတြ႔မိမွာဆိုေပမဲ့

အခုက် စိတ္သက္သာရာရသြားသလို

ဘာပဲျဖစ္ျဖစ္ က်ေနာ္ ခဗ်ားကို ႏွစ္ေတြအမ်ားႀကီး

လက္မလႊတ္ပဲ ခ်စ္ေနဦးမယ္ ထင္ပါတယ္

ဒါဟာ က်ေနာ့္ရဲ႕ ခဗ်ားအေပၚထားတဲ့ သစၥာတရားလို႔

ေျပာရေလမလား?

Uni:

//ခဗျားမသိအောင်......ခဗျားသို့ရည်ရွယ်ပြီး//

ချစ်သေးရဲ့လား ဆိုတဲ့ အမေးစကားက

ချစ်သေးတယ်ထင်တာပဲ ဆိုတဲ့ အဖြေစကားရတယ်

အေးစက်လာတဲ့မေတ္တာတရားနဲ့ ဝေးကွာလာတဲ့ဆက်ဆံရေး

ကျနော်နှစ်ယောက်ဟာ အပြန်အလှန်ဒီလိုတွေဖြစ်နေကြတာပဲ

တစ်ခါတစ်ခါ မချစ်တော့ဘူးလို့ ထင်မိပေမဲ့

တကယ်တမ်းကျလမ်းခွဲစကားကို မထွက်နိုင်ဘူး

ငြိမ်သက်သွားတဲ့စကားသံတွေ ... မဖြစ်တည်လာတော့တဲ့အပြုံးတွေ

အရင်လိုပျော်စရာကောင်းတဲ့ဆက်ဆံရေးမျိုး

ပြန်ရနိုင်ကြမလား?

ဘဝတစ်သက်တာလုံးအတွက်ရည်ရွယ်ပြီး

တစ်သက်တစ်ခါဖြစ်လာတဲ့ချစ်ခြင်းတရား

ပျက်ပျယ်သွားမှာတော့ သိပ်ကြောက်မိသား!

အနာဂတ်အစီအစဉ်တွေထဲ အမြဲတမ်း

နှစ်ကိုယ်တူပါဝင်ခဲ့ကြတာတွေဟာ

အခုတော့ မသေချာမရေရာ...

ခဗျားကတော့ ပြောပေးရှာတယ် မချုပ်နှောင်ထားပါဘူးတဲ့

အရင်ကဆို ရန်တွေ့မိမှာဆိုပေမဲ့

အခုကျ စိတ်သက်သာရာရသွားသလို

ဘာပဲဖြစ်ဖြစ် ကျနော် ခဗျားကို နှစ်တွေအများကြီး

လက်မလွှတ်ပဲ ချစ်နေဦးမယ် ထင်ပါတယ်

ဒါဟာ ကျနော့်ရဲ့ ခဗျားအပေါ်ထားတဲ့ သစ္စာတရားလို့

ပြောရလေမလား?

//ခဗျားမသိအောင် ခဗျားသို့ရည်ရွယ်ပြီး// |Z&U|Where stories live. Discover now