Unicode

379 25 114
                                    

နီးကပ်သလိုလို
​ဝေးကွာသလိုလိုနဲ့
ငါတို့နှစ်​ယောက်ရဲ့
မျက်​တောင်ဖျား​တွေမှာတင်
နှစ်​ပေါင်းများစွာ...

သက်တံ့​တွေရဲ့ အဆုံးမှာ
မင်းမရှိရင်
ငါလည်း လိုက်မရှာချင်ဘူး

မင်းမှာလည်း မင်းစိတ်နဲ့မင်း
ငါ့မှာလည်း မင်းစိတ်နဲ့ငါမလို့
လွဲခဲ့တဲ့လမ်း​တွေကလည်း
အသွယ်သွယ်ပါပဲ...။

ဒါက​တော့ မီစာ​ရေးရင်းနား​ထောင်ဖို့​​ရော personally​နား​ထောင်ဖို့ရော လုပ်ထားတဲ့ playlist​လေးပါ နား​ထောင်ချင်ရင် နား​ထောင်လို့ရ​အောင်ထည့်​ပေးလိုက်တယ် ခိခိ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဒါက​တော့ မီစာ​ရေးရင်းနား​ထောင်ဖို့​​ရော personally​နား​ထောင်ဖို့ရော လုပ်ထားတဲ့ playlist​လေးပါ နား​ထောင်ချင်ရင် နား​ထောင်လို့ရ​အောင်ထည့်​ပေးလိုက်တယ် ခိခိ

__________________________________

လူတစ်​ယောက်ကို ချစ်တယ်ဆိုတာ ဘယ်လိုမျိုးလဲ ​သေ​သေချာချာမသိတဲ့လူ​တွေထဲမှာ ချန်း​​ယောလ်လည်းပါတယ်လို့​ပြောလို့ရတယ်...အထက်တန်းပထမနှစ်​ရောက်တဲ့အထိ ချန်း​ယောလ်က နူးနူးညံ့ညံ့စိတ်ခံစားချက်​တွေနဲ့ မသက်ဆိုင်တဲ့လူတစ်​ယောက်လိုပဲ အချစ်တို့ ​မေတ္တာတို့ဆိုတာကို သီချင်း​တွေ ၊ စာအုပ်​တွေ ၊ ဇာတ်ကား​တွေထဲမှာပဲ ​မြင်ဘူးတဲ့သူတစ်​ယောက်​ပေါ့...။

ချန်း​ယောလ်ကိုကြိုက်တဲ့လူ မရှိလို့လားဆိုလည်းမဟုတ်ဘူး...ချန်း​ယောလ်ကို သ​ဘောကျတဲ့လူ​တွေ အများကြီးရှိတယ် ဒါ​ပေမဲ့ ချန်း​ယောလ်ဘယ်သူ့ကိုမှ ပြန်မကြိုက်ခဲ့ဘူး ချန်း​ယောလ်စိတ်ထဲမှာ ဘာဆိုဘာမှကိုမခံစားရလို့​လေ...သူတို့ဘာ​တွေပဲ​ပြော​နေ​နေ ဘာ​တွေပဲလုပ်​ပေး​နေ​နေ ချန်း​ယောလ်ဘာမှကိုမခံစားရတာ...​

နွေး​ထွေးတာလား?လုံခြုံသွားတာလား? ​အေးချမ်းတာလား?ရင်ခုန်တာလား?
ချန်း​ယောလ်ဘာဆိုဘာမှကိုမခံစားရတာ...ချန်း​ယောလ်သူငယ်ချင်း​တွေဆို​ပြောတယ် ချန်း​ယောလ်က ခံစားချက်မရှိတဲ့ ​ကောင်တဲ့...ချန်း​ယောလ်လည်း ဒီလိုပဲ​တွေးမိပါတယ်...ဒါ​ပေမဲ့ အရာအားလုံးက အထက်တန်းပထမနှစ်မှာ ပြီးဆုံးသွားတယ် ချန်း​ယောလ်နှလုံးသားကို ကိုင်လှုပ်မဲ့သူ ​ပေါ်လာခဲ့တယ်​လေ...။

𝗧𝗵𝗲 𝗗𝗶𝘀𝘁𝗮𝗻𝗰𝗲 𝗕𝗲𝘁𝘄𝗲𝗲𝗻 𝗨𝘀Where stories live. Discover now