နီးကပ်သလိုလို
ဝေးကွာသလိုလိုနဲ့
ငါတို့နှစ်ယောက်ရဲ့
မျက်တောင်ဖျားတွေမှာတင်
နှစ်ပေါင်းများစွာ...သက်တံ့တွေရဲ့ အဆုံးမှာ
မင်းမရှိရင်
ငါလည်း လိုက်မရှာချင်ဘူးမင်းမှာလည်း မင်းစိတ်နဲ့မင်း
ငါ့မှာလည်း မင်းစိတ်နဲ့ငါမလို့
လွဲခဲ့တဲ့လမ်းတွေကလည်း
အသွယ်သွယ်ပါပဲ...။ဒါကတော့ မီစာရေးရင်းနားထောင်ဖို့ရော personallyနားထောင်ဖို့ရော လုပ်ထားတဲ့ playlistလေးပါ နားထောင်ချင်ရင် နားထောင်လို့ရအောင်ထည့်ပေးလိုက်တယ် ခိခိ
__________________________________
လူတစ်ယောက်ကို ချစ်တယ်ဆိုတာ ဘယ်လိုမျိုးလဲ သေသေချာချာမသိတဲ့လူတွေထဲမှာ ချန်းယောလ်လည်းပါတယ်လို့ပြောလို့ရတယ်...အထက်တန်းပထမနှစ်ရောက်တဲ့အထိ ချန်းယောလ်က နူးနူးညံ့ညံ့စိတ်ခံစားချက်တွေနဲ့ မသက်ဆိုင်တဲ့လူတစ်ယောက်လိုပဲ အချစ်တို့ မေတ္တာတို့ဆိုတာကို သီချင်းတွေ ၊ စာအုပ်တွေ ၊ ဇာတ်ကားတွေထဲမှာပဲ မြင်ဘူးတဲ့သူတစ်ယောက်ပေါ့...။
ချန်းယောလ်ကိုကြိုက်တဲ့လူ မရှိလို့လားဆိုလည်းမဟုတ်ဘူး...ချန်းယောလ်ကို သဘောကျတဲ့လူတွေ အများကြီးရှိတယ် ဒါပေမဲ့ ချန်းယောလ်ဘယ်သူ့ကိုမှ ပြန်မကြိုက်ခဲ့ဘူး ချန်းယောလ်စိတ်ထဲမှာ ဘာဆိုဘာမှကိုမခံစားရလို့လေ...သူတို့ဘာတွေပဲပြောနေနေ ဘာတွေပဲလုပ်ပေးနေနေ ချန်းယောလ်ဘာမှကိုမခံစားရတာ...
နွေးထွေးတာလား?လုံခြုံသွားတာလား? အေးချမ်းတာလား?ရင်ခုန်တာလား?
ချန်းယောလ်ဘာဆိုဘာမှကိုမခံစားရတာ...ချန်းယောလ်သူငယ်ချင်းတွေဆိုပြောတယ် ချန်းယောလ်က ခံစားချက်မရှိတဲ့ ကောင်တဲ့...ချန်းယောလ်လည်း ဒီလိုပဲတွေးမိပါတယ်...ဒါပေမဲ့ အရာအားလုံးက အထက်တန်းပထမနှစ်မှာ ပြီးဆုံးသွားတယ် ချန်းယောလ်နှလုံးသားကို ကိုင်လှုပ်မဲ့သူ ပေါ်လာခဲ့တယ်လေ...။
YOU ARE READING
𝗧𝗵𝗲 𝗗𝗶𝘀𝘁𝗮𝗻𝗰𝗲 𝗕𝗲𝘁𝘄𝗲𝗲𝗻 𝗨𝘀
Fanfictionနီးကပ်သလိုလို ဝေးကွာသလိုလိုနဲ့ ငါတို့နှစ်ယောက်ရဲ့ မျက်တောင်ဖျားတွေမှာတင် နှစ်ပေါင်းများစွာ...။