ဘဝဟာ
အတော်လေးရိုးရှင်းကြောင်းကို
မင်းနဲ့အတူရှိပြီးနောက်
ငါနားလည်လာတယ်ငါတို့နေတဲ့ မခမ်းမနားတိုက်ခန်းလေးကနေ
ငါယူဝတ်နေကျ မင်းအင်္ကျီတွေအထိ
မင်းနဲ့ပတ်သက်တဲ့ အရာအားလုံးဟာ
ငါ့ပျော်ရွှင်မှုပဲငါအရင်ကထားခဲ့ဖူးသမျှ
မြင့်မြင့်မားမား စံနှုန်းတိုင်းက
ဆံပင်ငုတ်စိနဲ့ ငါ့အင်ဂျင်နီယာလောင်းကြီးရဲ့
အိပ်ချင်မူးတူးရုပ်နဲ့တွေ့မှ
တစ်စစီဖြစ်သွားပုံကိုတော့
ငါအခုထိ ရယ်ချင်နေတုန်းရယ်ဒါပေမဲ့ ငါဂုဏ်ယူပါတယ်
မင်းရဲ့ကောင်းသမျှဆိုးသမျှကိုချစ်နိုင်ခဲ့တာဟာ
ငါ့ဘဝရဲ့
အကြီးကျယ်ဆုံးအောင်မြင်မှုပဲဒီခပ်ဆိုးဆိုး သူဌေးသားကို
ရောင့်ရဲတင်းတိမ်မှုအကြောင်း
မင်းသင်ပြသွားခဲ့ပုံများ
ငါ့မှာ Labခန်းထဲကပြန်လာလို့
ပိုးသတ်ဆေးနံ့တွေမွှန်ထူနေတဲ့ မင်းကို
ကမ္ဘာကြီးထင်နေရတယ်လေငါ့အတွက်အချစ်ဆိုတာ
မင်းနဲ့အတူကြီးပြင်းလာခြင်းပဲ
မင်းနဲ့အတူကလေးဆန်ခဲ့ပြီး
မင်းနဲ့အတူရင့်ကျက်မယ်
ငါ့ဘဝရဲ့အတက်အကျအားလုံးကို
မင်းနဲ့အတူ ငါဖြတ်သန်းချင်တယ်တလွဲလုပ်လာတဲ့ငါ့ကို မင်းကဆူလိုက်
မရမကခေါင်းမာနေတဲ့မင်းကို ငါကဆူလိုက်
မောင်ရာ မင်းငါ့ကိုယုံစမ်းပါ
ငါတို့အိမ်လေးသာယာဖို့
နိုက်တင်ဂေးလ်တွေမလိုပါဘူးကွာ...။Recommended song - Dancing with our hands tied by Taylor Swift
_________________________________
ဘာလိုလိုနဲ့ ချန်းယောလ်တို့နှစ်ယောက် စိတ်ကောက်လိုက် ပြန်ချစ်လိုက် လုပ်လာတာတောင် လေးနှစ်ကျော်လို့ ငါးနှစ်နီးပါးရှိလာပြီ အထက်တန်းအောင်စာရင်းထွက်တဲ့နေ့ပဲ စိတ်မြန်လက်မြန်ရှိတဲ့ ချန်းယောလ်က သူ့လက်ကိုဆွဲ ၊ အိမ်ကိုခေါ်သွားပြီး အဖေနဲ့အမေကိုမိတ်ဆက်ပေးခဲ့တာလေသူ့ကို "ဒါကျွန်တော့ချစ်သူ"ပါလို့ မိတ်ဆက်ပေးခဲ့ရတာ တကယ်ကို ဘယ်လွယ်ခဲ့ပါ့မလဲ...မူးလဲသွားတဲ့ အမေ့ကို ချန်းယောလ်တို့ ဆေးရုံတောင်တင်ခဲ့ရသေးတယ် ဆေးရုံကဆင်းတော့လည်း လက်မခံသေးလို့ ချန်းယောလ်က အားတိုင်းသူ့ကိုအိမ်ခေါ်လာပြီး ငြိမ်းချမ်းရေးရအောင် ကြိုးစားခဲ့ရတာ...နောက်တော့ အမေနဲ့အဖေက ချန်းယောလ်တို့နှစ်ယောက်ကို တစ်ခုပြောတယ်
YOU ARE READING
𝗧𝗵𝗲 𝗗𝗶𝘀𝘁𝗮𝗻𝗰𝗲 𝗕𝗲𝘁𝘄𝗲𝗲𝗻 𝗨𝘀
Fanficနီးကပ်သလိုလို ဝေးကွာသလိုလိုနဲ့ ငါတို့နှစ်ယောက်ရဲ့ မျက်တောင်ဖျားတွေမှာတင် နှစ်ပေါင်းများစွာ...။