အပိုင်း 16

8.7K 210 15
                                    

Unicode__

"အမုန်းမှဖြစ်တည်သော"
   🌿 အပိုင်း(၁၆) 🌿

"၀တ်လွှာသွားတတ်တဲ့နေရာတွေတစ်ခုမကျန်ရှာ သူ့ကိုတွေ့တာနဲ့ချက်ချင်းငါ့ကိုအကြောင်းကြား...."

သူ့Bodyguardများအားလုံးကိုစီစဥ်ညွန်ကြားနေစဥ်

"သား ဘယ်လိုဖစ်ရတာလဲကွယ် သမီးလေးရော"

"သူကျနော့်ကိုထားသွားပီမေမေ"

ကြေကွဲဆို့နင့်စွာသူပြောသည်

"သားတို့အိမ်ထောင်ရေးအဆင်ပြေနေတယ်ဆိုပီးမေမေ ၀မ်းသာနေခဲ့တာ ခုတော့ သားဖေဖေလဲသမီးကိုစိတ်ပူနေတယ်"

"သူစိတ်နာအောင် လုပ်ခဲ့မ်ိလို့ ကျနော် ပြန်ခံစားရတယ်လို့သဘောထားတယ် မေမေတို့စိတ်မပူပါနဲ့ ကျနော် သူ့ကိုတွေ့အောင်ရှာမယ်"

ဒေါ်ကြည်ပြာလဲ့ သားရဲ့စိတ်ကိုသိပါသည် ငယ်ငယ်တည်းက သူလိုချင်တာမဖစ်ဖစ်အောင်လုပ်တဲ့သူ

"သားကိုတစ်ခုတော့ပြောမယ် သမီးလေးကိုပြန်တွေ့ရင်တော့ သူစိတ်တိုင်းကျဖစ်အောင်သားဘက်ကလိုက်လျောရမယ် ခုကိစ္စမှာသားအရမ်းမှားတယ်"

မေမေပြောသမျှသူငြိမ်နားထောင်နေပါသည်

~~~~~~~~~

ဒီနေ့နဲ့ဆိုသူမကျိုက်ထိုမှာအခြေချနေတာ နှစ်လပြည့်ခဲ့ပီ ၀မ်းနည်းစရာအတိတ်ကိုကျောခိုင်းပီး ရှေ့ဆက်ခဲ့ရတာ သူမအတွက်မလွယ်ကူခဲ့
နန္ဒမိဘများကလည်းသူမကိုသမီးတယောက်လိုစောင့်ရှောက်ပေးသည်
ခုတော့ Electronic Service & Distribution ဆိုတဲ့Companyမှာ သူမအလုပ်၀င်နေသည် လုပ်ငန်းခွင်ထဲရောက်တော့ စိတ်ဖိစီးမှုတွေပျောက်ပီး တစ်စုံတစ်ခုအတွက် အာရုံနစ်၀င်နေခြင်းကိုသူမသိပ်သဘောကျသည်
ထို့ကြောင့်လဲ ယူထားတဲ့ဘွဲနဲ့ကိုက်ညီသည့် အလုပ်ကိုရွေးချယ်ဖစ်သည် သူမကCompanyမှာ Marketing & Distributorနေရာကိုတာ၀န်ယူရသူ

"အန်တီသူဇာ သမီးထောင်းပါ့မယ်အဲ့ငရုတ်သီးတွေ"

"ရပါတယ်သမီးရယ် ကူညီချင်ရင် ဖန်ခွက်တွေပဲအန်တီကိုကူသိမ်းပေး"

"ဟုတ်"

နေ့လည်က ပျိုးပင်လာ၀ယ်သောဖောက်သည်များအား အအေးတိုက်ထားသည့်ဖန်ခွက်များကိုသူမဗီရိုထဲစနစ်တကျပြန်ထည့်နေသည် ဒီနေ့ ရုံးနားရက်ဖစ်၍အန်တီသူဇာအား ကူနေသည်

အမုန်းမှဖြစ်တည်သော/ အမုန်းမှဖြစ်တည်သော[Complete]OCTempat cerita menjadi hidup. Temukan sekarang