၃၀..ပန်းအလှရှုစားခြင်း

879 109 1
                                    

[Unicode]


နွေဦးရာသီအစတွင် ဆောင်းနှင်းများအရည်ပျော်ကုန်ပြီး အရာအားလုံးပြန်လည်အသက်ဝင်လာသည်။

နွေဦးသည်ပူနွေးပြီးပန်းများပွင့်လန်းလာသလို မြက်ပင်များလည်းရှည်လျားလာကာ ငှက်ကလေးများဖြင့်ရှုတ်ထွေးနေလေသည်။

နွေဦးရာသီရောက်လာသည်မှာ ချင်ကျိုးထက်မြို့တော်တွင်‌ပိုစောပြီး ခြံဝင်းထဲရှိပန်းတွေက တစ်ညလုံးပွင့်လန်းနေသလိုပင်။

ရှီကျန်းက အိမ်ရှေ့စံမင်းသားရဲ့အိမ်တော်တွင်ပန်းများရှုစားရန် လင်းရှောင်ယွမ်ဆီမှဖိတ်ခေါ်ချက်တစ်ခုလက်ခံရရှိထားခဲ့သည်။

လင်းရှောင်ယွမ်ပြောသလိုပဲ၊သူတို့ကမြို့တော်ကို အခုမှပြန်ရောက်တာဆိုတော့လူတွေနဲ့သိကျွမ်းထားတာပိုကောင်းမည်။

ထို့အပြင် ရှီကျန်းသည်အစကတည်းကတက်ကြွတဲ့မိန်းကလေးတစ်ယောက်ဖြစ်သည်။ဤကဲ့သို့ပွဲများကိုလည်း အလွယ်တကူပါဝင်ဖူးသည်။သူမ ချင်ကျိုးမှာရှိစဉ်တုန်းက စကားအပြောအဆိုချိုတာကြောင့်နာမည်ကြီးသလို လူတိုင်းနှင့်လည်း ပေါင်းသင်းဆက်ဆံနိုင်ခဲ့သည်။

ဟုတ်ပါတယ်,ချင်ကျိုးနယ်နဲ့မြို့တော်နဲ့တော့ဘယ်ယှဉ်လို့ရပါ့မလဲ?

မြို့တော်ရှိလူများသည် ချင်ကျိုးထက် ပို၍ဂုဏ်သိက္ခာမြင့်မားကြသည်။သူတို့သည် နေရာတိုင်းတွင်သာလွန်ပြီး သူတို့ထက်သာလွန်မည့်သူမရှိဟုပင် အထင်လည်းကြီးတတ်ကြသည်။

အဲဒီအထဲတွင် ရှီယင်နဲ့ရှီယန်လည်းအပါအ၀င်ပင်။

ရှီကျန်းကရယ်စရာသိပ်ကောင်းသည်ဟုတွေးလိုက်၏။သူတို့နှစ်ယောက်လုံးက သူမကိုအ၀တ်အစားကောင်းပေးရမယ့်အစား ကြမ်းတမ်းတဲ့အဝတ်အစားတွေပို့ပေးလိုက်ပြီးသူမဘာမှမလုပ်နိုင်လောက်ဘူးလို့တွေးနေကြတာလား?

မြို့တော်သို့ပြန်မလာမီတွင် လန်ရှီးကသူမနှင့်ရှီချွင်းအတွက်၀တ်စုံသစ်များစွာချုပ်ပေးထားခဲ့သည်။၎င်းတို့အားလုံးသည် နွေဦး၊နွေရာသီ၊ ဆောင်းဦးနှင့်ဆောင်းရာသီတို့အတွက်ပါ ပါရှိပြီးအ၀တ်အစားအားလုံးက ခေတ်ဆန်ပြီးအရည်အသွေးမြင့်သည့်၀တ်စုံများဖြစ်သည်။

ချစ်စရာကောင်းသော ဇနီးငယ်Nơi câu chuyện tồn tại. Hãy khám phá bây giờ