၃၂..တွေ့ဆုံရန်

1.1K 117 3
                                    

[Unicode]

ရှီရုံကိုလည်း မြို့စားအိမ်တော်အ၀င်၀တွင်တွေ့ခဲ့ရသည်။သူသည် ထူးချွန်သူတစ်ယောက်အဖြစ်ကြီးပြင်းလာသလို အရှပ်ရှည်ရှည်ဖြင့်ပိုပြီးရင့်ကျက်တည်ငြိမ်လာခဲ့သည်။

သူ့မှတ်ဥာဏ်ထဲမှာတော့ ရှီရုံကသူ့ညီမနှစ်ယောက်ရဲ့နောက်တွင်အတားအဆီး‌များကိုရှင်းပစ်ဖို့အမြဲရှိနေပြီး သူမတို့ကြီးပြင်းလာတာကိုသာတိတ်တဆိတ်စောင့်ကြည့်နေခဲ့သည့်သူမျိုးပင်။

ယခု သူသည်ယခင်ကထက်တောင်မပြုံးတော့ချေ။သို့သော် ရှီကျန်း၊ရှီချွင်းတို့နဲ့မျက်နှာချင်းဆိုင်တဲ့အခါတိုင်းတော့ သူ့အမူအရာကပိုပြီးပျော့‌ပျောင်းလာတတ်သည်။

ရှီကျန်းခြေနင်းခုံပေါ်ကဆင်းပြီး သူ့ရင်ခွင်ထဲတိုး၀င်သွားတဲ့အထိ ရန်ယုတိတ်တဆိတ်ကြည့်နေမိသည်။

သူမသည် သူ့လက်မောင်းထဲတွင်နစ်မြုပ်နေပြီး ညူတူတူလေးပြုမူနေလေသည်။သူမက ဤမျှကြီးမားတဲ့မိန်းကလေးဖြစ်နေပြီကို ယခုထိကလေးလိုပြုမူနေတုန်း။

သူမကမော့ကြည့်ကာသူ့ကိုတစ်စုံတစ်ခုပြောလိုက်၏။သူမမျက်၀န်းထဲမှာလည်း အပြုံး၊နူးညံ့ခြင်း၊ချိုသာခြင်းတို့အပြည့်နဲ့ပင်။အဝေးမှကြည့်နေတဲ့တစ်စုံတစ်ယောက်ရဲ့ နှလုံးသားကိုတောင်နွေးထွေးသွားစေခဲ့သည်။

ရန်ယုက အမွှေးအိတ်ဆုပ်ကိုင်ထားသောလက်အားဖြည်းဖြည်းချင်းလျော့ချလိုက်သည်။ထိုနောက် မွှေးပျံ့နေတဲ့ထိုအိတ်လေးကိုညင်သာစွာပွတ်သတ်ရင်း သူမကိုကြည့်နေခဲ့သည်။

ငယ်ငယ်တုန်းက သူမကသူ့ထက် ဦးခေါင်းတစ်ဝက်လောက်အရပ်ပိုမြင့်ခဲ့ပေမယ့် အခုအချိန်မှာတော့နောက်ဆုံးပွဲကိုပြန်အနိုင်ရဖို့ သူ့တွင်အခွင့်အရေးရှိပြီထင်တယ်။

သူမသူ့ကိုမြင်တဲ့အခါ ဘယ်လိုအမူအရာမျိုးရှိမလဲလို့သိချင်နေပြီဖြစ်သည်။

ရန်ယုသည်မြင်းဇက်ကြိုးကိုတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး မြင်းကိုအနီးသို့စီးသွားချင်သည်။သို့သော် ခြေလှမ်းနှစ်လှမ်းလောက်လှမ်းပြီးမှ ရပ်လိုက်၏။

ချစ်စရာကောင်းသော ဇနီးငယ်Where stories live. Discover now