၁၉..ဆင်းရဲဒုက္ခ

799 89 2
                                    

[Unicode]

၀မ်လောင်စီကပါးစပ်ဖွင့်လိုက်သည်နှင့်"မတွေ့မိပါဘူး..."

ထိုလူရဲ့နောက်ရှိကောင်ငယ်လေးတစ်ယောက်ရှေ့သို့ခေါင်းတညိတ်ညိတ်နဲ့ထွက်လာပြီးအခိုင်အမာပြောလာ၏။"ကျွန်တော် အားကျန်းအနံ့ရတယ်,သူတို့ဒီမှာပဲရှိရမယ်!"

၀မ်လောင်စီ၏အတွေးထဲတွင်;ဒီကောင်လေးကခွေးနှာခေါင်းများရှိနေတာလား?ဘယ်လိုတောင်အနံ့ခံနိုင်ရတာလဲ...သူတွေးနေတုန်းပင်,ကောင်လေးကတံခါးပေါက်ကိုကျော်ဖြတ်လျက်ခြံ၀င်းထဲတွင်ရပ်ကာအော်ခေါ်လိုက်တော့သည်"အားကျန်း,အားယု,မင်းတို့ဒီမှာလား?"

မကြာခင်မှာပဲ ရှီကျန်းနှင့်လီယုတို့နှစ်ယောက်စလုံးက မယုံကြည်နိုင်တဲ့မျက်နှာတွေနဲ့အိမ်ထဲကနေထွက်လာခဲ့ကြသည်။

သူတို့က ဒီကိုတစ်ယောက်ယောက်ရောက်လာ
လိမ့်မယ်လို့ထင်မထားခဲ့သလိုရောက်လာမယ့်သူကလည်း ကောင်းရွှင်းဖြစ်လိမ့်မယ်ဟုမမျှော်လင့်ထားပေ၊သူဘယ်လိုလုပ်ရှာတွေ့သွားတာလဲ?ရှီကျန်းသည် အလွန်တုန်လှုပ်သွားကာမျက်ရည်များစီးကျလာပြီသူ့ဆီသို့အပြေးအလွှားသွား၍ "ညီမတို့ဒီမှာရှိမှန်းဘယ်လိုလုပ်သိလဲ?အစ်ကိုတစ်ယောက်တည်းလား?ဖေဖေနဲ့မေမေရော?ဘယ်မှာလဲ?"

ကောင်းရွှင်းကကြိုတင်ပြင်ဆင်ထားတဲ့ ပိုးထည်လက်ကိုင်ပဝါလေးကိုထုတ်လိုက်ပြီးသူမမျက်လုံးထောင့်မှမျက်ရည်တွေကိုသုတ်ပေးလိုက်သည်"ငါက ငါ့မိဘတွေနဲ့လာခဲ့တာ၊ သူတို့လည်းဒီအနီးနားမှာရှိတယ်၊ဒီတောင်ကုန်းကို တစ်မနက်လုံးလိုက်ရှာနေပြီး နောက်ဆုံးမှမင်းကိုတွေ့ဝာာပဲ...မငိုပါနဲ့,ဦးလေးနဲ့ဒေါ်လေးတို့လည်းအဆင်ပြေပါတယ် ဒါပေမယ့်မင်းကိုတော့စိတ်ပူနေကြတယ်၊ကောင်းပြီ,မင်းတို့နှစ်ယောက်လုံးငါနဲ့မြန်မြန်ပြန်လိုက်ခဲ့ကြ"

သူမကခေါင်းညိတ်လိုက်ပြီးစိတ်သက်သာရာရသွားတော့သည်၊ထို့နောက် လီယုကိုဆွဲခေါ်လိုက်ပြီးကောင်းရွှင်းအား"အစ်ကိုရှောင်ယုက ဒဏ်ရာရထားတယ်၊ညီမတို့ပြန်ရောက်ရင် တတ်နိုင်သမျှအမြန်ဆုံးသမားတော်ရှာဖို့လိုတယ်"

ချစ်စရာကောင်းသော ဇနီးငယ်حيث تعيش القصص. اكتشف الآن