" ဖေလေး ရေ့! "
" အွန်း.. သားသား"
" ဖေလေး ချင်းဂု ဦး ရောက်နေတယ် !! "
ဂျုံဆောင်း အခန်းထဲမှာ နက်ခ်တိုင်သေချာပြင်နေရင်း သားတော်မောင် အသံကြောင့်ေအာက်ထပ်ကိုဝုန်းဒိုင်းဆင်းလာရတယ်။တိုင်ကပ်နာရီကိုကြည့်တော့အခုမှ 8:30 ။
" ငါနောက်ကျနေပြီဆိုပြီးလန့်သွားတာကွ "
" သားသားနဲ့ဆော့ချင်လို့စောလာတာလေ မင်းကိုအစကဖုန်းဆက်မလို့ပဲ မနက်ဆိုမင်းနဲ့မင်းသားရဲ့ ဝေယျာဝစ္စ တွေလုပ်နေတာနဲ့ဖုန်းကိုင်မှာမှမဟုတ်တာ အဲ့တာကြောင့်မဆက်ဘဲ လာတာ "
" အင်း..အင်း.. အဲ့တာဆို သားသားကို ထမင်းခွံပေးထားအုန်း ငါ သားသားလွယ်အိတ်စစ်လိုက်အုန်းမယ် "
" ဖေလေး.."
" ဗျာ ဖေ့မင်းသားလေး အမိန့်ရှိပါ "
နူးညံ့တဲ့အပြုံးကိုချိတ်ဆွဲရင်းဂျုံဆောင်းရဲ့အသည်းညှာလေးကို ငုတ်တုတ်ထိုင်ပြီး ကြည့်ပေးရတယ်။
" သားသားလွယ်အိတ်ထဲက ချောကလက်တုံးလေးတွေ လွှင့်မပစ်ရဝူးနော် ဖေလေး "
လက်ညှိုးတစ်ထောင်ထောင်နဲ့ သူ့ကိုလွှင့်မပစ်ခိုင်းနေတဲ့သားသားက ချစ်စရာ။ ဂျုံဆောင်းလိုမျက်လုံးဝိုင်းဝိုင်းတွေရှိတဲ့သားသားက ဂျုံဆောင်းကိုတစ်နေ့တစ်နေ့အချစ်ပိုအောင်လုပ်နေတော့တာပါပဲလား။
" ဟုတ်ကဲ့ပါခင်ဗျာ.. သားသားကြိုက်တဲ့ချောကလက်တုံးလေးတွေလွှင့်မပစ်ပါဘူးနော်
အခုတော့ ဦး ခွံတဲ့မန်မန်စားပြီး ဖေလေးကို.."" ငြိမ်ငြိမ်လေးထိုင်စောင့်နေရမယ်..
မီးဖိုချောင်ထဲက တရှူးရှူးထွက်တဲ့နီနီရဲရဲကြီးတွေနား မသွားရဘူး.. ဖရီဂျာထဲက အိုက်စ်ခွင်တစ်ဘူးပဲယူရမယ် ဦးနဲ့များကြီးဆော့ရဘူး "ဂျုံဆောင်းမှာနေကြစကားတွေတန်းစီရွတ်ပြသွားတာမလို့ ဂျိတ်ခ်ရောသူရော ရယ်မိပါသည်။
" လိမ္မာတဲ့ကလေးလေး က အခုတော့မန်မန်စားပါတော့နော် "
သားသားလွယ်အိတ်ကိုစစ်ပေးရတယ်ဆိုတာ တခြားမဟုတ်။ သားသားကို နေ့ကလေးထိန်းကျောင်းပို့ထားရတာမလို့ လွယ်အိတ်ထဲ လိုအပ်တာထည့်ပေးတာနဲ့ ချိုချဉ်အမှိုက်တွေရှင်းပေးရတာမျိုးဖြစ်သည်။ တစ်ပတ်ကိုတစ်ခါရေကူးရတာမလို့ ကလေးလေးအတွက် ရေကူးအင်္ကျီထည့်ပေးမိရဲ့လား၊ မုန့်တွေထည့်ပေးမိသလား စာအုပ်ထဲသားသားကစာရောရေးဖြစ်လား စသဖြင့် စစ်ပေးရတာပေါ့။