you,me and baby

1.2K 133 19
                                    

တစ်လကုန်သွားပြီ။
အခြေအနေကတော့ ဆောင်းဟွန်းနဲ့မတွေ့ရရင်နေသာပြီး ဆောင်းဟွန်းရုံးခန်းထဲစာရင်းပို့ရတဲ့နေ့ဆိုရင်တော့မိုးထစ်ချုန်းရွာပါသည်။ဆောင်းဟွန်းကလမ်းမှာတွေ့ရင်တောင် အီဂျုံဆောင်း အီဂျုံဆောင်း ခေါ်ပြီးအလုပ်မရှိအလုပ်ရှာခိုင်းတတ်သေးတာမလို့ ဟိုပြေးဒီပုန်းလုပ်ရတာလေးကတော့ချွင်းချက်ပေါ့။

သားသား က ဒီရက်ပိုင်း ဆောနူနောက်ကောက်ကောက်ပါနေတာမလို့ သိပ်ပြီး သူအာရုံစိုက်စရာမလို။ ရှင်းမ်ဂျိတ်ခ်ဖုန်းဆက်ပွားတာတော့ခံရတာပေါ့လေ။ သူလည်းနှစ်ကိုယ်ထဲကြည်နူးချင်တာနားလည်ပေမယ့် သူမှမအားနေတာ အားနာပေမယ့် လည်း သားသားကိုထိန်းခိုင်းရသည်။

" အစ်ကိုဂျုံဆောင်းဒီည CEO က ဒကာခံပြီးစားပွဲလုပ်ပေးမယ်တဲ့ လိုက်ခဲ့မှာလား ဟင် "

" မလိုက်တော့ဘူး .. သားသားကိုကျောင်းကြိုရအုန်းမယ် ဒီရက်ထဲသားသားက သူနဲ့တူတူဆော့မပေးလို့စိတ်ဆိုးနေတာ "

" ကလေးအိပ်မှလာရင်ရော... ဒီညတစ်ညလုံးတဲ့ ပြီးတော့နက်ဖြန်ကြရုံးပိတ်ရက်ပဲကို "

" ဒီပွဲကိုဂျုံဆောင်းမလိုက်ရင် ငါတို့လည်းမလိုက်ဘူးနော် "

တခြားအဖွဲ့ကခေါင်းဆောင်ပါ လာပြောတာမလို့ငြင်းရခက်သည်။အရင်က စားပွဲဆို ကလေးအိပ်မှလာတာရယ်၊မလိုက်တာရယ်မလို့ ဂျုံဆောင်းကိုဆွဲခေါ်နေကြတာမဆန်းပါ။ ဂျုံဆောင်းကလူငယ်မလို့ ဒီလိုပွဲတွေဆို သဘောခွေ့တတ်ပေမယ့် သားသားမျက်နှာကြည့်ရသေးသည်။

" ကျွန်တော်လာခဲ့ပါ့မယ် .. ကျွန်တော်မပါလို့ မသွားတာတော့မလုပ်ကြပါနဲ့... သားသားအိပ်ပျော်မှလာခဲ့မယ်လေ ..ရတယ်မလား "

" ရတယ်ရတယ် မင်းလာရင်ကိုရတယ်
လာခါနီးကြဖုန်းဆက်လိုက်ဘယ်ဆိုင်လဲပြောမယ် "

" အဲ့တာဆို ရုံးဆင်းပြီနော် "

ရုံးဆင်းပြီး သားသားကျောင်းစီ လမ်းသွက်သွက်လျှောက်ကာကြိုရသည်။ ကျောင်းဆင်းချိန်က ၁၅ မိနစ်လောက်လိုသေးပေမယ့် လမ်းလျှောက်တာနဲ့ဘာနဲ့ဆို အချိန်မှီတာမလို့ ဂျုံဆောင်းကျောင်းရှေ့ရောက်တော့ ကျောင်းဆင်းချိန်နဲ့ကွက်တိ။

🎉 You've finished reading 𝒊𝒏 𝒍𝒐𝒗𝒆 𝒘𝒊𝒕𝒉 𝐒𝐢𝐧𝐠𝐥𝐞𝐟𝐚𝐭𝐡𝐞𝐫 ( 𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 ) 🎉
𝒊𝒏 𝒍𝒐𝒗𝒆 𝒘𝒊𝒕𝒉 𝐒𝐢𝐧𝐠𝐥𝐞𝐟𝐚𝐭𝐡𝐞𝐫 ( 𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 )Where stories live. Discover now