ဂျုံဆောင်းနဲ့ ဆောင်းဟွန်းက တက္ကသိုလ်တုန်းက စံပြအချစ်ငှက်ကလေးတွေ။ဂျုံဆောင်းကကိုလူအေး ပတ်ခ်ဆောင်းဟွန်းက ရေခဲတုံး အနေအေးတဲ့လူနှစ်ယောက်တွဲဖြစ်ကြတာမလို့ တက္ကသိုလ်တစ်ဝန်းလုံးရဲ့အံ့ဩခြင်းခံခဲ့ရသည်လေ။
တကယ်တော့ တွဲပြီးမှသိလာတဲ့အချက်တွေအရ ပတ်ခ်ဆောင်းဟွန်းက လုံးဝလုံးဝမအေးပါ။ ရေခဲတုံးလေးက သူနဲ့တွေ့ရင် အရည်ဖျော်ချခံရတဲ့ white chocolate လို ချစ်စရာကောင်းတဲ့ နို့ချောကလက်လုံးလေးဖြစ်သည်။
အဲ့ဒီနေ့ကစခဲ့သည်ပြောရမလား အချစ်ငှက်လေးနှစ်ကောင်ခဲစာမိသွားခဲ့တာ...။အဆင်ပြေနေတဲ့အချစ်ခရီးက မာမီဖုန်းဆက်တဲ့ညနေခင်းကစသည်ထင်ပါတယ် ဂလုန်းဂလွမ်းနဲ့ကျောက်လမ်းကိုကားမောင်းရသလိုအဆင်မပြေဖြစ်သွားဝာာ။
" ဂျေး ကို မောင် ပြောထားတယ်လေ မောင့်ကိုကျောင်းပြန်ရင်စောင့်ပါလို့! မောင်မှာတာဆိုေဂျးကဘယ်တော့မှ မှတ်မထားဘူး မောင့်ကိုမချစ်တော့ဘူးမလား သိလိုက်ပါပြီ "
" မောင့်ကိုငါစောင့်ရမှာသတိရပါတယ် မှတ်လည်းထားတယ် ချစ်လည်းချစ်တယ် မာမီဖုန်းဆက်ခေါ်နေလို့ ငါမြန်မြန်ပြန်လိုက်ရတာ ကျောင်းစောင့်ဦးလေးကြီးကိုတောင် မောင်မေးရင်ဖြေဖို့မှာခဲ့သေးတယ် တကယ်ပါဆို "
" မောင့်ကိုချစ်တယ်ဆိုပြီးတာပါပဲ အရေးကြီးတာလည်း အဲ့တာပဲမလို့လေ "
ဆောင်းဟွန်းကသူ့ကိုစိတ်ဆိုးဖူးတာမရှိဘူးး။သူ့ဖြေရှင်းချက်တွေ၊ချစ်ခြင်းတွေကို ယုံကြည်ပေးတယ်။သူကရော ထိုနည်းလည်းကောင်းပါပဲ။
ဂျုံဆောင်းနောက်ဆုံးနှစ်တက်နေတဲ့အချိန် ဆောင်းဟွန်းက ဒုတိယနှစ်။ စာတွေနဲ့လုံးချာလည်ရိုက်နေတဲ့ဂျုံဆောင်းကိုဆောင်းဟွန်းက
ဂရုစိုက်ပေးတယ် မုန့်ဆိုမုန့် နေ့လည်စာဆိုနေ့လည်စာ အမြဲအရိပ်တကြည့်ကြည့်ပဲ။ အားကျသူလည်းရှိသလို မနာလိုချောက်ချသူလည်းရှိတာမလို့ ဆောင်းဟွန်းနဲ့သူကြားအထင်လွဲအောင်သွေးတိုးစကားတွေပြောခဲ့တဲ့သူတွေကြောင့်တဖြေးဖြေး အဆင်မပြေမှုတွေဖြစ်လာတယ်။